
ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ
လူတော်တော်များများအများဆုံးဖြစ်လေ့ရှိတဲ့ဝေဒနာကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်းပါပဲ။ခါးနာကြတယ်။ကျောနာကြတယ်စတဲ့ဝေဒနာတွေခံစားရတဲ့အခါ လူကလည်းသက်တောင့်သက်သာမရှိပဲပင်ပန်းပါတယ်။ဒီလိုဝေဒနာတွေခံစားလာရပြီဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေထဲက တစ်နည်းနည်းကိုစမ်းသပ်ကြည့်သင့်ပါတယ်။ဘယ်လိုနည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်… *ကျောရိုးကိုအနားပေးခြင်း အိမ်မှာရှိနေတဲ့အချိန်ဆို ဒီနည်းလေးကိုသုံးကြည့်သင့်ပါတယ်။ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။ပြီးရင်ခြေထောက်နှစ်ချောင်းကိုဖြောင့်တန်းစွာထားလိုက်ပါ။ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြားထားပါ။ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ထိတဲ့အထိကွေးလိုက်ပါ။အဲ့ဒီအနေအထားအတိုင်း ၅မိနစ်ကြာမှာနေပါ။ဒီနည်းလေးက နောက်ကျောဘက်ကြွက်သားတင်းအားတွေကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကိုသက်သာသွားစေပါတယ်။ *ဆားခါးနဲ့ခြေထောက်စိမ်ပါ ခြေထောက်စိမ်ရရုံအနေအထားလောက် […]