ဘယ်လောက်ပဲရင်းနှီးပါစေ အတူတူသုံးလို့မဖြစ်တဲ့ပစ္စည်းတွေရှိပါတယ်။ သူငယ်ချင်းဆီကခဏငှားသုံးတာဖြစ်ဖြစ်၊မိသားစုထဲကတစ်ယောက်ယောက်ကိုငှားတာပဲဖြစ်ဖြစ်မလုပ်သင့်ပါဘူး။ အတူတူသုံးစွဲလို့မရတဲ့ပစ္စည်းတွေကဘာတွေလဲ ကြည့်လိုက်ရအောင် ။ ၁။Lip Gloss နဲ့ Lipstick နှုတ်ခမ်းနီတစ်ချောင်းတည်းကိုအတူတူသုံးလို့မရပါဘူး။ဘာလို့လဲဆိုရင်တစ်ယောက်ကဆိုးပြီးတဲ့အခါမှာ နှုတ်ခမ်းနီမှာတံတွေး၊သားရည်စသဖြင့် တစ်ခုခုကပ်ကျန်နိုင်ပါတယ်။ အဲ့ဒီထဲမှာမမြင်ရတဲ့ဗိုင်းရပ်စ်ပိုးတွေပါနေနိုင်တဲ့အတွက် နောက်တစ်ယောက်ဆိုးတဲ့အခါမှာရောဂါပိုးကူးစက်နိုင်လို့ အတူမျှဝေမသုံးစွဲသင့်ပါဘူး။ ၂။နားကြပ် တစ်ခါတစ်လေနားကြပ်မပါလာလို့တခြားတစ်ယောက်ဆီကငှားပြီးနားထောင်တာမျိုးရှိပါလိမ့်မယ်။အဲ့ဒါမလုပ်သင့်ပါဘူး။ နားအတွင်းထဲမှာလည်းပိုးမွှားတွေရှိနိုင်ပါတယ်။တကယ်လို့မဖြစ်မနေနားထောင်ရမယ်ဆိုရင်တော့ နားကြပ်ကိုသေချာသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ၃။ချိုင်းလိမ်းဆီဘူး ချိုင်းလိမ်းဆီကိုလည်းအတူမသုံးစွဲသင့်ပါဘူး။အထူးသဖြင့်ချိုင်းချွေးပေါက်ထဲမှာဘတ်တီးရီးယားပိုးမွှားတွေရှိပါတယ်။ အဲ့ဒါကြောင့်တစ်ယောက်သုံးပြီးနောက်တစ်ယောက်သုံးတဲ့အခါမှာရောဂါပိုးကူးစက်နိုင်ပါတယ်။ […]