အသက် 107နှစ်အရွယ်မိခင်ထံမှ ချိုချဉ်ရလိုက်လို့ အတော်လေးပျော်သွားခဲ့တဲ့ အသက် 84နှစ်အရွယ်သမီး (ရုပ်သံ)

မိခင်ရဲ့ချစ်မေတ္တာက တကယ့်ကိုအနှိုင်းမဲ့ပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံကအမျိုးသားတစ်ဦးဟာ သူရဲ့ အသက် 107နှစ်အရွယ်အဘွားဖြစ်သူကို မိတ်ဆွေရဲ့သမီးဖြစ်သူ၏ မင်္ဂလာဆောင်သို့ ခေါ်ဆောင်သွားခဲ့ပါတယ် ။ ထို့အပြင် မင်္ဂလာပွဲတက်ရောက်လာကြတဲ့သူများကို လက်ဆောင်အနေနဲ့ ချိုချဉ်ဝေပေးခဲ့ကြပါတယ် ။ အဘွားဖြစ်သူဟာ မင်္ဂလာညစာစားပွဲပြီးနောက် ချိုချဉ်ကိုစားမည့်အစား အိတ်ကပ်ထဲသို့ထည့်ပြီး အိမ်သို့ပြန်လာခဲ့ပါတယ် ။

အိမ်ပြန်ရောက်ပြီးနောက် အဘွားဖြစ်သူဟာ သူယူလာခဲ့သော ချိုချဉ်တစ်လုံးကိုသူ၏အိမ်မှာရှိတဲ့ သမီးကြီးကိုပြန်ပေးခဲ့ပါတယ် ။ သမီးကြီးဖြစ်သူ၏ အသက်မှာလည်း အသက်84နှစ်အရွယ် ရှိနေခဲ့ပြီးပါပြီ ။သမီးဖြစ်သူဟာ အသက် 84နှစ်အရွယ်ဆိုပေမဲ့လည်း မိခင်ထံမှချိုချဉ်လေးရတော့ မျက်နှာလေးဟာ အတော်လေးကိုပြုံးပျော်သွားခဲ့တာကို အထင်းသားကြီးမြင်တွေ့ရမှာပါ ။

မြေးဖြစ်သူရဲ့ပြောပြချက်အရ ” အဘွားက ကျွန်တော့်ရဲ့အဒေါ်ကိုချိုချဉ်ပေးလိုက်တော့ အဒေါ်ကအတော်လေးပြုံးသွားတယ် ၊ ကလေးတွေ ချိုချဉ်တောင်းလို့ ရလိုက်သလိုပါပဲ ၊ အဒေါ်က အသက် 84နှစ်ဆိုပေမဲ့ မျက်လုံးထဲမှာတော့ အမေ့ရဲ့သမီးငယ်လေးလိုပါပဲ ” ဆိုပြီးပြောပြခဲ့ပါတယ် ။

အဆိုပါ video ကို social media ပေါ်ဝေမျှခဲ့ချိန်မှာတော့ လူအတော်အများက ကြိုက်နှစ်သက်ကြပြီး အသက် 84နှစ်အရွယ် အဘွားဆိုပေမဲ့လည်း ယခုအချိန်အထိ သူ့ဘေးမှာ သူ့ရဲ့မိခင်ရှိနေသေးတဲ့အတွက် အတော်လေးကံကောင်းကြောင်း လူအများမှတ်ချက်ရေးသားခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*