သေခြင်းရဲ့ စာအုပ်လို့အမည်ရတဲ့ ရှေးဟောင်းအီဂျစ်တွေရဲ့မှော်ပညာ မှတ်တမ်း စာအုပ်ကိုရှာတွေ့

အီဂျစ်တွေကတော့ အကြောင်းအရာတော်တော်များများကိုသိခဲ့ကြတဲ့ ရှေးခေတ်လူတွေပဲ ။စဖင့်ရုပ်ထုနဲ့ အီဂျစ်ပိရမစ်တွေအပါအဝင်ရှေးအဆောက်အဦးပေါင်းများစွာကို လွန်ခဲ့တဲ့နှစ်ထောင်ချီအကြာက ဆောက်လုပ်ခဲ့တယ် ။ထို့အပြင် သူတို့ရဲ့ ရေးခေတ်စာအရေးအသားတွေလည်း ချန်ထားခဲ့သေးတယ် ။

သူတို့ချန်ရစ်ခဲ့တဲ့ စာပေတွေထဲက စာအုပ်တစ်အုပ်ကတော့ သေခြင်းရဲ့စာအုပ်လို့အမည်ရတဲ့ သချိုင်းဂူတွေကို စီမံထားတဲ့ ဂါထာတွေပါဝင်ပြီးတော့Osiris လူမျိုးစုတွေရဲ့ နောင်ဘဝအတွက် လမ်းပြပေးဖို့ ရည်ရွယ်ပြီးရေးသားထားခဲ့တာဖြစ်တယ် ။

စိတ်ဝင်စားစရာကောင်းတာကတော့ ဒီစာအုပ်ကို လျို့ဝှက်ရေးသားထားတာမျိုးမဟုတ်တဲ့အပြင် ထပ်တူညီနေတဲ့ ဒုတိယစာအုပ်လည်းမရှိတဲ့ကိစ္စပါပဲ ။သူ့ရဲ့မူရင်း စာအုပ်နာမည်ကို ဘာသာပြန်ရမယ်ဆိုရင် “အနာဂတ်နေ့ရက်များ” လို့အဓိပ္ပါယ်ရတယ် ။

သေခြင်းဟာ ပြန်လည်မွေးဖွားခြင်းဖြစ်တယ်လို့ အီဂျစ်တွေကယုံကြည်ကြတယ် ။နေ့တိုင်းနေဝင်ပြီး နေထွက်လာသလို သေဆုံးပြီးတဲ့အခါ ပြန်လည်မွေးဖွားလာမယ်လို့ ယုံကြည်ထားကြတယ် ။

ဒီစာအုပ်ထဲမှာတော့ Osiris လူမျိုးစုကို သူတို့သေဆုံးပြီးတဲ့အခါမှာ မြေအောက်ကမ္ဘာ Aaru ကို Duat ကဖြတ်သွားနိုင်ဖို့ ကူညီပေးဖိုအတွက် မန္တန်တွေရေးသားခဲ့တာပဲဖြစ်တယ် ။

ဒီစာအုပ်ကိုတော့ Papyrus က Hunefer လို့ခေါ်တဲ့သူက အီဂျစ်သက္ကရာဇ် ၁၉ မှာရေးသားထားခဲ့တာဖြစ်ပြီး ခန့်မှန်းခြေ ဘီစီ ၁၃၁၀ ကနေ ၁၂၇၅ ကြားမှာဖြစ်လိမ့်မယ်။အခုချိန်မှာတော့ ဒီစာအုပ်ကို လန်ဒန်က ဗြိတိန်ပြတိုက်မှာ ပြသထားပါတယ်။အရှည် မီတာ ၅၅၀ ရှိပြီးတော့ အကျယ် ၃၉ စင်တီမီတာရှိပါတယ်။အခုချိန်မှာတော့ ဒီစာအုပ်ကို ၈ ပိုင်းပိုင်းထားပါတယ်။

ဒါဟာ အီဂျစ်တွေရဲ့ အခြေခံ အနုပညာလက်ရာတစ်ခုဖြစ်တဲ့အပြင် စာလုံးတွေက အလွန်အသေးစိတ်ပါတယ်။တစ်ချို့စာလုံးတွေဆိုရင် မီတာ လေးဆယ် နီးပါးအမြင့်ရှိတယ်။ရှေးတုန်းကတော့ ဒီစာအုပ်ဟာ တော်တော်လေးကို ဈေးကြီးခဲ့လိမ့်မယ်။စာအုပ်ထဲမှာ မန္တန်ပေါင်း ၂၀၀ ရာလောက်ပါဝင်တယ်။ဒီစာအုပ်ထဲမှာ အီဂျစ်တွေ ပိရမစ်တွေနဲ့ အခေါင်းတွေမှာထွင်းထားတဲ့ စာသားပုံစံတွေနဲ့ရေးသားထားတာဖြစ်ပြီးတော့ Papyri စကားနဲ့ရေးသားထားတာတော့မဟုတ်ဘူး။

စာအုပ်ထဲက တစ်ချို့မန္တန်တွေဟာ ဘီစီ တော်တော်ဝေးဝေးလောက်က ရေးသားထားခဲ့တာဖြစ်ပြီးတော့ တချို့ကတော့ ၁၁-၇ ဘီစီအတွင်းမှာရေးသားခဲ့တဲ့ မန္တန်တွေပဲဖြစ်တယ်။စာအုပ်ထဲက မန္တန်တစ်ချို့ိကုတော့ အုတ်ဂူတွေမှာရေးထိုးထားတာမျိုးတွေ့ခဲ့ရဖူးပေမယ့် တချို့တော့ မန္တန်အသစ်စက်စက်တွေပဲ။

ဒီစာအုပ်ကိုတော့ သချိုင်းဂူတစ်ခုထဲမှာတွေ့ခဲ့တာပဲဖြစ်တယ်။ဆင်တူရိုးမှားဖြစ်နေတဲ့ စာအုပ်တစ်အုပ်တောင်မရှိပါဘူး။

Papyri တွေဟာ ဘာသာရေးနဲ့ မှော်ပညာဆိုင်ရာ စာပေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ဖော်ပြခဲ့ကြတယ်။တချို့လူတွေဆိုရင် မန္တန်တွေကို ရွေးချယ်ကာ သူတို့ရဲ့ကိုယ်ပိုင်စာအုပ်ထဲကို ကူးယူစေတယ်။ဒါဟာ နောင်ဘဝအတွက် လမ်းစဖော်ပြပေးနိုင်မယ်လို့ အယူရှိကြတယ်။

ဒီစာအုပ်ထဲမှာ ပါဝင်တဲ့စာသားတွေကတော့ ပိရမစ်မှာရေးသားလေ့ရှိတဲ့စာလုံးအမျိုးအစားတွေဖြစ်ကြပြီး ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ရတာကတော့ BCE ၂၄၀၀ က ၅ ဆက်မြောက်အင်ပါယာဘုရင် Unas ရဲ့ပိရမစ်မှာ ရေးထိုးထားတာပဲဖြစ်တယ်။

ဒီတော့ ဒီစာအုပ်ဟာ BCE ၁၃၀၀ တစ်ဝိုက်လောက်မှာရေးသားခဲ့တာဖြစ်နိုင်တယ်လို့ခန့်မှန်းကြတယ်။
စာအုပ်ထဲက မန္တန်တစ်ခုကိုပထမဆုံးတွေ့ရှိခဲ့တာကတော့ ၁၃ ဆက်မြောက်အင်ပါယာဘုရင်မ Mentuhotep ရဲ့ အခေါင်းမှာရေးသားထားတဲ့ ကျိန်စာတစ်ခုပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*