ပြင်းထန်တဲ့အရေပြားနီမြန်းမှုကြောင့် ယောကျ်ားရော၊ အလုပ်ပါဆုံးရှုံးခဲ့ရတဲ့ ထိုင်းအမျိုးသမီး

အသက် ၂၇နှစ် Arunsri လို့သိရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်အနှံ့ပြားတွင် အနီရောင်အဖုပိန့်များပေါ်လာပြီးနောက် သူမမှာ AIDS ရှိနေတယ်လို့ ဝိုင်းပြီးစွပ်စွဲတဲ့အတွက် ယောကျ်ားကိုရော၊ အလုပ်ကိုပါဆုံးရှုံးခဲ့ရတယ်။


သူမကို အားပေးနှစ်သိမ့်ဖို့အတွက် ဒေသခံ မင်းသား Bhin Bunluerit လည်းရောက်လာပြီး သူမရဲ့ကြေကွဲစရာအကြောင်းကို ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်လည်ဖော်ပြထားပါတယ်။

Arunsri ဟာ လွန်ခဲ့တဲ့ ၁၀နှစ်တည်းက အနီဖုတွေထွက်နေတာဖြစ်ပြီး ဒုတိယ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ အခြေအနေက ပိုပိုဆိုးလာခဲ့ပါတယ်။
ကျွန်မရဲ့အပြစ်နာဆာတွေကြောင့် ယောကျ်ားက ကျွန်မကိုထားခဲ့ပြီ …ကျွန်မမြန်မြန်ပြန်ကောင်းအောင်လုပ်ပြီး အလုပ်ပြန်လုပ်ချင်တယ်လို့ Arunsri ကဆိုပါတယ်။ သူမရဲ့အရေပြားပြဿနာကြောင့် လူတွေက AIDS လို့ထင်ပြီးအနားတောင် အကပ်မခံဖြစ်လာကြတယ်။ အခုသူမ ကလေးနှစ်ယောက်နဲ့ အမေဖြစ်သူကိုပါ Udon Thani မှာ စောင့်ရှောက်နေရတယ်လို့သိရပါတယ်။

အလုပ်မရှိတော့ စားဝတ်နေရေးအခြေအနေတွေမှာ တော်တော်အခက်တွေ့ရပါတယ်။ ငါးလလောက် အလုပ်လက်မဲ့ဘဝနဲ့ နေနေရပြီး သူငယ်ချင်းဖြစ်သူကသူမဆေးစရိတ်ကို ထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။ထိုအနီဖုတွေဟာ တခါတစ်လေ ယားယံပြီး အရမ်းနာကျင်တယ်လို့သိရတယ်။ သူမဖြစ်နေတဲ့လက္ခဏာကိုဆေးပညာအရ အသေချာမသိရသေးပေမယ့် ကိုယ်ခံအားနည်းပြီး မျိုးရိုးဗီဇလက္ခဏာနဲ့လည်း သက်ဆိုင်လောက်တယ်လို့ မှန်းဆထားကြပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*