တရုတ် ပြည်နယ်မှာ အသက် ၅၀ ကျော်တွေကို ကာရာအိုကေ အခမဲ့ပေးဆို

တရုတ်အရှေ့ပိုင်း ပြည် နယ်တစ်ခုမှာ အသက် ၅၀ ကျော်သူတွေဟာ ကာရာအိုကေ အခမဲ့သီဆိုခွင့်ရပြီး အစိုးရက အသက်ကြီးသူတွေကို အပြင်ပိုထွက်အောင် ကြိုးပမ်း ဆောင်ရွက်မှုတစ် ခုဖြစ်ကြောင်း သိရပါတယ်။


ယန်စီအီးဗနင်းပို့စ်ရဲ့အဆိုအရ ကျန်စုပြည်နယ်က နန်ကျင်းနဲ့ ဝူစီပြည်နယ်တွေမှာရှိတဲ့ ကာရာ အိုကေဆိုင်တွေဟာ အသက် ၅၀ ကျော်သူတွေ မှတ်ပုံတင်ပြနိုင်ရင် မနက် ၉းဝ၀ နာရီနဲ့ ညနေ ၅း၃၀ နာရီအတွင်း သူတို့ကို အခမဲ့သီဆိုခွင့်ပေးမှာ ဖြစ်တယ်။

“ဆန်းရှိုင်းဖျော်ဖြေရေး-နေဝင်ချိန်တောက်ပမှု” အစီအစဉ်ဟာ ဒေသတွင်းဖျော်ဖြေရေးလုပ်ငန်း တွေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး သက်ကြီးရွယ်အိုတွေအတွက် အကျိုးကျေးဇူးအများကြီးရှိတယ်လို့ ဆိုပါတယ်။ အပေါင်းအသင်းနဲ့ အတူတကွ အချိန်ကုန်ဆုံးနိုင်ရုံမက သီချင်းဆိုခြင်းကြောင့် အဆုတ် အား ကောင်း တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ အစာအိမ်ရောဂါတွေကို သက်သာစေတယ်လို့ ဆိုပါ တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*