ဇနီးသည်ကို ခရီးဆောင်အိတ်ထဲထည့်ကာ နယ်စပ်ဖြတ်ကျော်ဖို့ ကြံစည်သူ ဖမ်းဆီးခံရ

ပိုလန်နိုင်ငံ ထရက်စဖို့နယ်စပ်မြို့လေးမှာ ဇနီးသည်ဖြစ်သူကို ခရီးဆောင် လက်ဆွဲအိတ်ထဲထည့်ကာ ခေါ်ဆောင်လာခဲ့တဲ့ အမျိုးသားတစ်ဦးကို ပိုလန်နယ်စပ် ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်က အရေးယူ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ရဲ့ အဓိကအကြောင်းရင်းကတော့ အသက် ၆ဝအရွယ် အမည်မဖော်လိုတဲ့ ပြင်သစ်အမျိုး သားနဲ့ အသက် ၃ဝအရွယ် အမည်မဖော်လိုတဲ့ ရုရှားအမျိုးသမီး ဇနီးမောင်နှံတို့ဟာ ဘီလာရုစ်နိုင်ငံကနေ ပိုလန်နိုင်ငံကိုသွားရောက်ဖို့ ယခုလိုပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဥရောပနိုင်ငံကို သွားရောက် လည် ပတ်တာကို သက်ဆိုင်ရာက ခွင့်မပြုမှာစိုးရိမ်တဲ့ အတွက် ပြင်သစ်အမျိုးသားဟာ သူ့ရဲ့ ဇနီးသည်ကို ခရီးဆောင်လက်ဆွဲအိတ်ထဲထည့်ကာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။

ပိုလန်နိုင်ငံ ထရက်စဖို့နယ်စပ်မြို့အရောက်မှာတော့ နယ်စပ်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်က ခရီးဆောင်အိတ် ကို မသင်္ကာလို့ စစ်ဆေးရာမှ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

ဥရောပအဖွဲ့ဝင်နိုင်ငံသားတစ်ဦးနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံသူမဟုတ်တဲ့အမျိုး သမီးတစ်ဦးနဲ့ လက်ထပ်ထား တဲ့စာချုပ်ကိုပြသနိုင်ပါက ဥရောပနိုင်ငံကို လည်ပတ် နိုင်တယ်လို့ သက်ဆိုင်ရာက ပြောဆိုခဲ့ပါတယ်။
ပိုလန်လုံခြုံရေးတပ်ဖွဲ့ဝင်က ”ဇနီးသည် အနေနဲ့ သူမရဲ့ယောကျ်ားဘေးမှာ ထိုင်လျက်လိုက်ပါလာပါက နယ်စပ်ဖြတ်ကျော်ခွင့် ရရှိမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*