Night Club ထဲမှာ ကလေးမွေးခဲ့တဲ့ 19နှစ်အရွယ်မိန်းကလေးကြောင့် ကလေးငယ်ရရှိခဲ့တဲ့ ခံစားခွင့်လေး

Night Club ဆိုတာက အဖြစ်အပျက်မျိုးစုံဖြစ်ပွားလေ့ရှိတဲ့အပြင် တစ်ချို့သောသူတွေအတွက်ကျတော့လည်း အချစ်ရှာဖွေတွေ့ရှိခဲ့တဲ့ နေရာလေးဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာတော့ ပြင်သစ်နိုင်ငံ Toulouse မြို့မှာရှိတဲ့ night club တစ်ခုမှာ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟာ အလည်လာရင်းနဲ့ ကလေးမွေးခဲ့တဲ့အဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့ပါတယ် ။

၎င်းအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ November 11ရက်နေ့က မနက်ခင်းနေမထွက်ခင် အချိန်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါမိန်းကလေးဟာ သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် night club သို့သွားရောက်ခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သူမသူငယ်ချင်းတွေရဲ့ ဖိတ်ခေါ်မှုတွေကြောင့် ရောက်ခဲ့တာဖြစ်ပေမဲ့လည်း သူမဟာမည်သည့်အရက်သေစာမျိုးကိုမှ သောက်စားချင်းမျိုးမပြုလုပ်ခဲ့ပါဘူး ။

မနက် 5:30 အချိန် ၊ club ပိတ်တော့မည့်အချိန်ရောက်တော့ အဆိုပါမိန်းကလေးဟာ သူမရဲ့ဗိုက်အတော်လေးကိုနာကျင်နေပြီး လမ်းလုံးဝမလျှောက်နိုင်တော့ကြောင်းပြောဆိုခဲ့ပါတယ် ။ Club manager ရဲ့ပြောပြချက်အရ ” အဲ့အချိန်တုန်းက လူတွေသိပ်မရှိတော့ဘူး ၊ club ရဲ့လုံခြုံရေးတစ်ယောက်က ကျွန်တော့်ကိုလာခေါ်တယ် ၊ ပြီးတော့ အရေးကြီးလို့ဆိုပြီးပြောတော့ ကျွန်တော်လိုက်ကြည့်ခဲ့ချိန်မှာတော့ သူမကလေးမွေးနေတာကို တွေ့ခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

Club ရဲ့ဝန်ထမ်းများက လူနာတင်ယာဉ်ခေါ်ခဲ့ပေမဲ့လည်း အဆိုပါမိန်းကလေးက Club ထဲတွင်သာကလေးမွေးတော့မယ်ဆိုတာ သိနေခဲ့ပါတယ် ။ ထို့နောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် club ရဲ့ဝန်ထမ်းများက ကလေးမွေးဖွားနိုင်ဖို့ကူညီးပေးခဲ့ကြပါတယ် ။ အချိန်ခဏအကြာမှာမှ လူနာတင်ကားရောက်ရှိလာပြီး ကလေးနှင့်မိခင်ကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြပါတယ် ။

ထို့အပြင် ကလေးနှင့်မိခင်တို့မှာ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရှိရပါတယ် ။ ကလေးမွေးဖွားပြီးနောက် Club ရဲ့မန်နေဂျာက ကလေးငယ်အသက် 16နှစ်ပြည့်ပြီးနောက်ပိုင် တစ်ဘဝလုံး club အတွင်းသို့အခမဲ့ ဝင်ရောက်နိုင်ကြောင်းနှင့် ကလေးငယ်ဟာမိဘနဲ့အတူလာမယ်ဆိုရင်တော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် Club အတွင်းဝင်ရောက်နိုင်ကြောင်း ကြေငြာခဲ့ပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*