ဓာတ်ပုံထဲမှာလှဖို့သာအာရုံစိုက်နေပြီး Selfie သာရိုက်နေခဲ့လို့ အမြင့် 2,000m ရှိတဲ့တောင်ထိပ်ကနေပြုတ်ကျခဲ့အမျိုးသမီး

ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို အမြဲဂရုစိုက်သင့်တယ်လို့ပြောရမလားပါပဲ ။ တစ်ချို့သောလူတွေက နေရာအသစ် ၊ ဒေသအသစ်တွေရောက်ပြီဆိုရင် selfie ရိုက်ချင်တယ် ပြီးရင် social media ပေါ်တွေမှာတင်ပြီး လူအများအားကျတာကိုခံချင်ကြတယ်စသဖြင့်ပေါ့ ။ အမှန်တကယ်ဆိုရင် ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသဖြစ်နေတဲ့အတွက် ပိုပြီးဂရုတစိုက်ရှိပြီး အန္တရာယ်ကင်းအောင် အရင်ဦးဆုံးလေ့လာရမှာဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက တက္ကသိုလ်ကျောင်းသူမလေးတစ်ယောက်ဟာ Hua Shan Scenic area က တောင်ပေါ်ကနေ Selfie ရိုက်ဖို့ကိုသာအာရုံစိုက်နေခဲ့ပြီး ကျောက်ထရံအစွန်းဖက်မှာရပ်နေခဲ့ရင်း မီတာ 2,000 အမြင့်ကနေ ပြုတ်ကျခဲ့လို့ အသက်သေဆုံးသွားခဲ့ရပါတယ် ။

Deng အမည်ရှိတဲ့အဆိုပါ ကျောင်းသူမလေးဟာ ၎င်းနေရာသို့ရောက်ရှိကတည်းက ဓာတ်ပုံတွေအများကြီးရိုက်ပြီး Social Media ပေါ်မှာတင်ခဲ့တဲ့အပြင် သူမသူငယ်ချင်တွေနဲ့လည်း စကားပြောဆိုရင် ဓာတ်ပုံများပို့ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ညနေခင်းပိုင်းရောက်တော့ သူမကိုပေးပို့ထားတဲ့ စာတွေပြန်စာမလာခဲ့တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေ အတော်လေးစိုးရိမ်ခဲ့ကြပါတယ် ။ သူမရဲ့မိသားစုဝင်တွေရော ၊ ကျောင်းဖက်ကပါ အဆက်အသွယ်မရခဲ့တဲ့အတွက် နောက်ဆုံး တာဝန်ရှိသူများကို အကြောင်းကြားပြီး စုံစမ်းစစ်ဆေးပေးကြဖို့တောင်းဆိုခဲ့ရပါတယ် ။

ထို့နောက် စောင့်ကြပ်ကြည့်ရှုတဲ့ရုပ်သံတွေကို စစ်ဆေးခဲ့ချိန်မှာတော့ သူမမပါလာခဲ့တဲ့အတွက် သူမဟာကျောက်ကမ်းပါးကနေ ပြုတ်ကျသွားခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ် ။ အခြား video ထဲမှာတော့ သူမနှင့်အတူ အခြားခရီးသွား 5ဦး နှင့်အတူ ဝန်ထမ်း 2ဦးလည်းပါဝင်ခဲ့ပါတယ် ။ သူမဟာ နောက်ခံရှုခင်းလေးတွေ လှလှလေးရဖို့အတွက် ကျောက်ကမ်းပါးအစွန်းဖက်မှာ ရပ်နေခဲ့တာပါ ။ ထို့ကြောင့် သူမဟာနောက်တစ်လှမ်းဆုတ်လိုက်ရင်းနဲ့ ကျောက်ကမ်းပါးပေါ်ကနေပြုတ်ကျသွားခဲ့တာဖြစ်ပါတယ် ။

Deng ရဲ့မိသားစုဝင်တွေကတော့ တောင်ပေါ်က အစွန်းကျောက်ကမ်းပါးနား တားထားတဲ့ လုံခြုံရေးကြိုးတန်းတွေဟာ နိမ့်လွန်းပြီး လူတွေရဲ့ခြေထောက်အရွယ်ခန့်သာအမြင့်ရှိလို့ Deng ပြုတ်ကျသေဆုံးသွားခဲ့ရတာဖြစ်ကြောင်း နှင့် ထို့ကြောင့် Deng သေဆုံးမှုအတွက် တာဝန်ယူပေးဖို့ အဆိုပါနေရာရဲ့ပိုင်ရှင်ကိုပြောဆိုခဲ့ပါတယ် ။ ပိုင်ရှင်ဖြစ်သူမှာလည်း ကြိုးကြောင့်မဟုတ်ဘဲ Selfie ရိုက်ဖို့ကိုသာ အာရုံများနေတဲ့ Deng ရဲ့လုပ်ရပ်တွေကြောင့် သေဆုံးသွားခဲ့ရတာဖြစ်တဲ့အတွက် တာဝန်မယူနိုင်ကြောင်း နှင့် သို့ပေမဲ့လည်း လူသားချင်းစာနာစိတ်ကြောင့် ဝမ်းနည်ကြေကွဲဖြစ်နေကြတဲ့မိသားစုဝင်တွေကို 4,000 yuan ထောက်ပံ့ကြေးပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*