မိန်းမနဲ့နေရတာထက် ထောင်ထဲနေရတာက ပိုကောင်းတယ်ဆိုပြီး ဓားပြတိုက်တဲ့အဖိုးအို

ဒီအဖြစ်အပျက်ကတော့ ကြံကြံဖန်ဖန်ပါဘဲ။ ပူညံပူညံ အိညက်အိညက် လုပ်လွန်းတဲ့ မိန်းမကို စိတ်ကုန်လွန်းလို့ သူနဲ့ အတူတူနေရတာထက် စာရင်၊ ထောင်ထဲနေရတာကမှ နားအေးပါးအေး ရှိဦးမယ်လို့ အသက် 70 ကျော် အဖိုးအို Lawrence Ripple က တွေးဆခဲ့ပါတယ်။


ဒါကြောင့် သူဟာ အနီးစပ်ဆုံးဘဏ်ကို သွားပြီး သေနက်ပြကာ ဓားပြတိုက်ခဲ့ပြီး ပေါင် 2300 အထိ ရရှိခဲ့ပါတယ်။ အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရဲကိုခေါ်စေပြီး ပိုက်ဆံ၊ အသုံးပြုခဲ့တဲ့ လက်နက်နဲ့အတူ စိတ်ရှည်လက်ရှည် ထိုင်စောင့်ပြီး အဖမ်းခံခဲ့ပါတယ်။ ဒီပြစ်မှုအတွက် Ripple ဟာ ထောင်ဒဏ် အနှစ် 20 အထိ ကျမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။


ဒီထောင်ဒဏ်ပမာဏဟာ များပြားလွန်းပြီး သူ့တကယ်မျှော်လင့်ခဲ့တဲ့ အတိုင်းအတာကော ဟုတ်ရဲ့လားဆိုတာ မသိရပါဘူး။ FBI က စုံစမ်းထောက်လှမ်းမှုမှာတော့ ဒီပြစ်မှုကျူးလွန်ခြင်းမတိုင်မီမှာ Ripple ဟာ ဇနီးဖြစ်သူနဲ့ အကြီးအကျယ် စကားများခဲ့တယ်လို့ သိရပါတယ်။ Ripple ရဲ့ ဇနီးဖြစ်သူ Endayon လည်း တရားရုံး ကြားနာမှုတွေကို တက်ရောက်ခဲ့ပြီး ဘာမှတ်ချက်မှ မပြုလိုကြောင်း ပြောခဲ့ပါတယ်။


Ripple ဟာ Kansas City မြို့ရှိ အမှတ် 756 Minnesota Ave လမ်းမှာ တည်ရှိတဲ့ Bank of Labor ဘဏ်မှာ အနုကြမ်းဝင်စီးခဲ့ပြီး၊ ရဲကိုခေါ်စေကာ အေးအေးဆေးဆေး အဖမ်းခံခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ 2016 ခုနှစ် စက်တင်ဘာလ 2ရက်နေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ လက်ရှိအချိန်ထိတော့ အမှုကို မစီရင်သေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*