အမြန်လမ်းတည်ဆောက်စဉ် လမ်းလယ်က နေအိမ်ကို ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့တဲ့ပိုင်ရှင်

တရုတ်နိုင်ငံက အိမ်ပိုင်ရှင်တစ်ယောက်ကတော့ သူရဲ့နေအိမ် စီမံကိန်းလမ်းအလယ်ကြီးမှာ ရှိနေတာကို ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့ပြီး၊ နေမြဲတိုင်း ဆက်နေခဲ့ပါတယ်။ ဒါကြောင့် ယာဉ်သွားယာဉ်လာ အထူးစည်ကားတဲ့ အဲဒီလမ်းမကြီးရဲ့အလယ်မှာ သူရဲ့အိမ်လေးဟာ ထင်ထင်ရှားရှား တည်ရှိနေပါတယ်။
ဒီလိုအဖြစ်အပျက်နဲ့ တိုက်ဆိုင်မှုမျိုးတွေ တရုတ်နိုင်ငံမှာ တော်တော်လေး ရှိခဲ့ပါတယ်။ တခြားနိုင်ငံတွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ မြေယာလျှော်ကြေး ထိုက်သင့်အောင် မပေးလို့ ဒီလိုဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ တခါတလေတော့ ဘိုးဘွားပိုင် အမွေအနှစ်လေးကို ချစ်မြတ်နိုးလို့လည်း အိမ်ရှင်တွေက ဖယ်ပေးဖို့ ငြင်းဆန်တာလည်း ရှိတတ်ပါတယ်။


ဒီအိမ်လေးဟာ Guangdong ပြည်နယ်၊ Haizhuyong အမည်ရ တံတားရဲ့တစ်ဖက်တစ်ချက်မှာ တည်ရှိပါတယ်။ အိမ်ရှင်ဟာ အစိုးရဘက်က ကမ်းလှမ်းလာတဲ့ မက်လောက်စရာ လျှော်ကြေးကို ဆယ်စုနှစ်တော်တော်ကြာအောင် ငြင်းဆန်ခဲ့ပြီး၊ ယနေ့ထိအတိုင်း ဘိုးပိုင်ဘွားပိုင်နေရာလေးမှာ နေနေဆဲပါ။
အိမ်လေးရဲ့အကျယ်ဟာ (၄၀)စတုရန်းမီတာ ရှိပါတယ်။ ပေအားဖြင့်ဆိုရင် (၄၃၀)စတုရန်းပေ ရှိပါတယ်။ အိမ်ကလေးကတော့ တစ်ထပ်အိမ်ပုပုလေးဖြစ်ပါတယ်။ ပိုင်ရှင်ရဲ့နာမည်ကတော့ Liang လို့ သိရပါတယ်။ သူမအနေနဲ့ အစိုးရကမ်းလှမ်းမှုကို ဘာလို့ငြင်းပယ်ခဲ့တာလဲဆိုတော့ … အစိုးရက အိမ်အသစ် ပြန်ပေးတဲ့နေရာက သူမလိုချင်တဲ့ နေရာမှာ မဟုတ်လို့ဖြစ်ကြောင်း အကြောင်းပြပါတယ်။


သူမ ဒီလိုဆုံးဖြတ်ရလို့ တခြားလူတွေက ဘယ်လိုတွေးတယ်ဆိုတာ စိတ်မဝင်စားကြောင်းလည်း ပြောပါတယ်။ ဒီနေရာလေးမှာ နှစ်ပေါင်းများစွာ နေလာခဲ့ပြီမို့ တစ်ဦးတည်းတစ်ယောက်တည်း နေရထိုင်ရတာလည်း စိတ်ချမ်းသာတယ်လို့ ပြောခဲ့ပါတယ်။ အစိုးရပေးတဲ့အိမ်ကလည်း ဒေသခံရေခဲတိုက်နဲ့ ကပ်လျှက်ဖြစ်နေလို့ ငြင်းပယ်ခဲ့တာပါတဲ့။

Ms Laing ဟာ လမ်းစီမံကိန်းအတွင်းမှာ (၂၀၁၀)ခုနှစ်နောက်ပိုင်းက နေထိုင်ခဲ့တဲ့ အိမ်ထောင်စု (၄၇)စုအတွင်းမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး၊ အဲဒီမှာ ယခင်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်း (၇)ခုလည်း တည်ရှိခဲ့ပါတယ်။ ပြည်နယ်အစိုးရရဲ့ ဖြေကြားမှုမှာတော့ သူတို့အနေနဲ့ မတူညီတဲ့ အိမ်ပေါင်းများစွာနဲ့ Laing ကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*