
ကနေဒါစတန့်သမားတစ်ဦးဟာ သံချောင်းအိပ်ရာပေါ်မှာ ပက်လက်အိပ်ပြီး သူ့အပေါ်ကို မော်တော်ဆိုင်ကယ် အစီး ၇၀ ဖြတ်မောင်းစေကာ ဂင်းနစ်စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ အခုလိုအသက်အန္တရာယ်ရှိတဲ့ စတန့်ပြကွက်ကို အော်ဘတ်စ်လို့ခေါ်တဲ့ စတန့်သမားက အများရှေ့မှာ လုပ်ဆောင်ပြခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အော်ဘတ်စ်ဟာ သံချောင်းအိပ်ရာပေါ်မှာအိပ်ပြီး ၂ မိနစ်အတွင်း မော်တော်ဆိုင်ကယ်အများဆုံးဖြတ်မောင်းခံနိုင်သူဆိုတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်သွားခဲ့ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်က မော်တော်ဆိုင်ကယ် ၃၁ စီးဖြတ်မောင်းခံခဲ့သူ ဆိုင်မွန်ကာလာတီရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အော်ဘတ်စ်ဟာ တက္ကသိုလ်တစ်ခုက ရူပဗေဒဆရာတစ်ဦးဖြစ်ပြီး အခုလိုကြိုးပမ်းမှုကို သူ့ညီတစ်ဦးနဲ့အတူ တွဲဖက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရသလို အခုကြိုးပမ်းမှုမှာ သူဟာ ခန္ဓာကိုယ်အားကို မသုံးဘဲ လက်မောင်းအားကိုသုံးပြီးတော့သာ ဆိုင်ကယ်တွေဖြတ်မောင်းတာကို တောင့်ခံခဲ့ကြောင်း ဆိုပါတယ်။
Leave a Reply