
အချစ်စစ်အချစ်မှန်ဆိုတာ လောကကြီးမှာတကယ်ရှိပါတယ်။ အချစ်စစ်အချစ်မှန်ရတဲ့သူတွေဟာ လောကမှာပျော်ရွှင်ကြရပါတယ်။ အချို့ကလည်း ဘဝကိုသေတဲ့အထိ ချစ်သူနဲပနေထိုင်ခွင့်ရပါတယ်။ အချို့ကလည်း အကြောင်းအရာတစ်ခုခုကြောင့် ချစ်သူထက်ရှေးဦးစွာ သေကြရပါတယ်။
ယခုဖော်ပြပေးမယ့်စုံတွဲလေးကတော့ မိန်းကလေးကသေလုမျောပါးဖြစ်နေပါပြီ။ မိန်းကလေးအနေဖြင့် အဆုတ်ရောဂါ ခံစားနေရတာပါ။ သူမက လွန်ခဲ့တဲ့ ၂နှစ်ကလည်း အဆုတ်ရောဂါကို ကုသခဲ့ဖူးပါတယ်။ သို့သော် သူမရဲ့ ခန္ဓာကိုယ်က အစားထိုးထားတဲ့အဆုတ်ကိုလက်မခံတော့ပါဘူး။ အဆုတ်အစားထိုးအသစ်ကလည်းအောင်မြင်မှု သိပ်မရှိနိုင်ကြောင်း ဆရာဝန်တွေကပြောခဲ့ပါတယ်။
ဒါ့ကြောင့် ဆရာဝန်တွေက မိန်းကလေးကို သက်တမ်းကြာကြာနေရတော့မည်မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ မိန်းကလေး၏နာမည်က ကယ်လီယာဖြစ်ပါတယ်။ သူ့မှာချစ်သူရှိပြီး နာမည်ကတော့ ဘရိုင်ယန်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမက မသေခင်မှာ ချစ်တဲ့သူနဲ့ ပျော်ရွှင်စွာလက်ထပ်ခဲ့ပါတယ်။GoFundMe အဖွဲ့အစည်းက သူမတို့အတွက် အလှူငွေများကောက်ခံပေးကာ ဟန်နီမွန်းအတွက်အသုံးချခဲ့ပြီး ကျန်ငွေများကို ဆေးကုသစရိတ်များအား ပေးချေသွားမည်ဟု သိရှိရပါတယ်။
Leave a Reply