
ထိုင်ဝမ်နိုင်ငံသားဖခင်တစ်ဦးရဲ့အရဲစွန့်ပြီးတင်လိုက်တဲ့ ဆရာမထံအသနားခံစာကတော်တော်ကိုနာမည်ကြီးသွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ဒီလိုပါ။ သားဖြစ်သူဟာ တစ်နေ့တစ်နေ့အိမ်စာတွေနဲ့နပမ်းလုံးနေရာတာမလို့အိပ်ချိန်စားချိန်မမှန်ဖြစ်ခဲ့ရပါတယ်။ ငယ်ရွယ်သေးတဲ့ကလေးလေးမှာတစ်နေ့တစ်နေ့ဒီစာတွေပဲလုပ်နေရလို့ဖခင်ဖြစ်သူကြီးမှာမကြည့်ရက်နိုင်တော့ပါဘူး။
ဒါကြောင့် သားဖြစ်သူရဲ့အိမ်စာစာရွက်တွေကိုဆုတ်ဖြဲခဲ့ပြီး သားဖြစ်သူရဲ့ဆရာမထံသို့ Social Media ကနေသနားခံစာသဘောမျိုးပြောကြားခဲ့ပါတယ်။ ဆရာမခင်ဗျာ ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကို ဘာအိမ်စာမှမပေးပါနဲ့ဒီစာတွေကြောင့်သားဖြစ်သူကအိပ်ချိန်တောင်မရှိပဲပင်ပန်းရပါတယ်။ ကျွန်တော်ကြည့်မနေနိုင်တော့ပါဘူးဆိုတာမျိုးပြောကြားခဲ့ပါတယ်။
ကလေးငယ်လေးကိုလှုပ်ရှားမှု Activities တွေလုပ်ပေးတာနည်းပြီး စာတွေကြီးပဲဖိသင်ဖိပေးတဲ့စနစ်ကြီးကတကယ်ကိုမကောင်းပါဘူး။ ဖခင်ဖြစ်သူရဲ့စာဟာ လူမှုကွန်ရက်မှာပျံ့သွားပြီးတစ်လျှောက်မှာတော့ မူုလတန်းကျောင်းတွေဟာ စနစ်သစ်ကိုပြောင်းလဲဖို့စဉ်းစားလာကြပြီလို့သိရပါတယ်…
Leave a Reply