တစ်ရက်ခြားပြီး မယုံနိုင်စရာ ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နေရာတွေရဲ့ဓာတ်ပုံများ

(၂၄)နာရီအတွင်းမှာ တစ်မြို့လုံးပျက်သွားနိုင်လောက်အောင် ထင်မှတ်မထားတတ် ပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီပုံတွေကတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် မျက်စိရှေ့မှာ ရှိသမျှအရာတွေက ချက်ချင်းပြိုလဲပျက်စီးသွားနိုင်တာကို သက်သေပြနေပါတယ်။

(၁) စိန့်ဟယ်လန်မီးတောင်ပေါက်ကွဲမှု


ဝါရှင်တန်ပြည်နယ်ရှိ စိန့်ဟယ်လန်မီးတောင်ဟာ (၁၉၈၀)ခုနှစ်ရဲ့ နွေဦးတုန်းက ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ချော်ရည်တွေ၊ ကျောက်တုံးတွေနဲ့ ဓာတ်ငွေ့များစွာပေါက်ကွဲထွက်လာမှုကြောင့် မီးတောင်တစ်ဝိုက်ပတ်ဝန်းကျင်ကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။

(၂) ဆာဟာရသဲကန္တာရအပူချိန်ကွာခြားမှု


အာဖရိကသဲကန္တာရတွေထဲမှာလည်း နှင်းကျနိုင်ပါတယ်။ ဒီပုံကတော့ တစ်ရက်ပဲခြားပြီး ဆာဟာရသဲကန္တာရထဲမှာ အပူချိန်ပြင်းထန်စွာ ပြောင်းလဲခဲ့လို့ နှင်းတွေကျခဲ့ပါတယ်။

(၃) ဂျပန်ဆူနာမီ


ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ဆူနာမီက ဂျပန်နိုင်ငံအတွက် ကြီးမားတဲ့ပျက်စီးမှုကို ဖြစ်စေခဲ့တာပါ။ မီတာ (၄၀)အမြင့်ရှိ လှိုင်းလုံးကြီးတွေက တစ်မြို့လုံးကို ဝါးမြိုသွားခဲ့ပါတယ်။

(၄) ဟာရီကိန်းမုန်တိုင်း ဟာဗီ


(၂၀၁၇)ခုနှစ် သြဂုတ်လတုန်းက တက္ကဆက်မြို့မှာ ဟာရီကိန်းမုန်တိုင်း ဟာဗီဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် မြို့ထဲမှာ ကမ္ဘာပျက်ထားတဲ့အတိုင်း ရေကြီးမှုကြီးဖြစ်ကျန်ခဲ့ပါတယ်။

(၅) ဟေတီငလျင်

ဟေတီနိုင်ငံဟာ (၂၀၁၀)တုန်းက အပြင်းထန်ဆုံးငလျင်ကြုံတွေ့ခဲ့ရပြီး လူပေါင်း (၅)သိန်း ငလျင်ဒဏ်ခံခဲ့ရပါတယ်။ အချိန်အနည်းငယ်အတွင်း လှုပ်ခတ်ခဲ့ပေမယ့် တစ်နိုင်ငံလုံး နာလန်မထူနိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်။

(၆) အိန္ဒိယသမုဒ္ဒရာငလျင်


အိန္ဒိယသမုဒ္ဒရာထဲမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ကမ္ဘာ့အပြင်းထန်ဆုံး ဆူနာမီတွေထဲက တစ်ခုဖြစ်ပါတယ်။ အင်ဒိုနီရှား၊ သီရိလင်္ကာ၊ အိန္ဒိယတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကမ်းရိုးတန်းတွေအကုန်လုံးကို ရေဖုံးလွှမ်းသွားစေခဲ့ပါတယ်။

(၇) ဟာရီကိန်းမုန်တိုင်း ကတ်ထရီနာ


(၂၀၀၅)ခုနှစ်တုန်းက နယူးအော်လိန်းမှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းဟာ အမေရိကန်မှာ တိုက်ခတ်ခဲ့သမျှဟာရီကိန်းတွေအနက် အပြင်းထန်ဆုံးဟာရီကိန်းဖြစ်ပါတယ်။ တစ်မြို့လုံးလည်း ရေလွှမ်းသွားခဲ့ပြီး လူတွေတစ်ဦးနဲ့ တစ်ဦးကူညီကာ ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ကြရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*