ရောဂါဝေဒနာကြောင့် ဘွဲ့လာမယူနိုင်တဲ့ ကျောင်းသူလေး ကိုဆေးရုံထိ သွားပြီး ဘွဲ့ပေးခဲ့တဲ့ ပါမောက္ခ

ရောဂါဝေဒနာကြောင့် ဘွဲ့ လာမယူနိုင်တဲ့ ကျောင်းသူလေး ကို ဆေးရုံထိ သွားပြီး ဘွဲ့ပေးခဲ့တဲ့ ပါမောက္ခ

Asama ဆိုသော အသက် ၂၄နှစ် အရွယ်ရှိတဲ့ ထိုင်းကျောင်းသူ တယောက်က ခြူလာလောင်ကွမ်း တက္ကသိုလ်မှာ တက္ကသိုလ် တက်ရောက် အောင်မြင်ခဲ့တာပါ။သိုေ့ပမယ့် ဘွဲ့ပေးတဲ့ အခါမှာ

တက်ရောက် ယူနိုင်ခြင်း မရှိပါဘူးတဲ့။ခြူလာလောင်ကွမ်း တက္ကသိုလ်မှာ ဘွဲ့ပေးပွဲ အခမ်းအနားကိုတော့ ထိုင်း ဘုရင့်သမီးတော် တော်ဝင် မင်းသမီး သီရိဒုံ Princess Maha Chakri Sirindhorn ကိုယ်တိုင် ကြီးမှူး ကျင်းပခဲ့တာပါ။

Asama က ဒီပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိတာကတော့ သူမဟာ ကျောက်ကပ် ကင်ဆာကို ခံစားနေရပြီးတော့ နောက်ဆုံး အချိန် ရောက်ရှိနေပြီ ဖြစ်ကာ ဆေးရုံ တက်နေရတာပါ။အခမ်းအနားနဲ့ လွဲချော်ခဲ့တာကြောင့်ဘဲ သူမ အနေနဲ့ ဘွဲ့ကိုဘယ်တော့မှ မယူနိုင်တော့ဘူးလို့ ထင်မှတ်ကာ ရောဂါ ဝေဒနာ ခံစားရင်း တဖက်က ဝမ်းနည်း နေခဲ့ရတာပါ။ သမီးဖြစ်သူကို မကြည့်ရက်တဲ့ မိဘတွေဟာ တက္ကသိုလ်ကို စာတစောင် ရေးပို့ခဲ့ပါတယ်နော်။ စာထဲမှာတော့ သမီးဖြစ်သူဟာ

အလွန် နာမကျန်း ဖြစ်နေခဲ့တာကြောင့်ဘဲ ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ လွဲချော်ခဲ့ရကြောင်းနဲ့ သူမ အနေနဲ့ ဒီဘွဲ့ကို အလွန် လိုချင်ခဲ့ကြောင်း တခုခု စဉ်းစားပေးဖို့ ပါရှိပါတယ်တဲ့။ မိဘတွေအနေနဲ့လည်း သမီး ဖြစ်သူကြောင့်သာစာရေး ပို့ခဲ့ရပေမယ့်လည်း သမီး တယောက်တည်း အတွက် ဘွဲ့အခမ်းအနား ကျင်းပ ပေးဖို့နဲ့ ကိုဗစ်ကာလအတွင်း ဖြစ်နေတာကြောင့် ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ထင်မှတ် ခဲ့ကြပါတယ်နော်။ ဒီစာဟာ တက္ကသိုလ်ကနေ တဆင့်

မင်းသမီး သီရိဒုံ ထံ ရောက်ရှိ သွားခဲ့ပါတယ်တဲ့။ သဘောထားကြီးတဲ့ မင်းသမီးဟာ တက္ကသိုလ် ကျောင်းအုပ်ကြီး Bundhit Eua-arporn နဲ့ ညှိနှိုင်းကာ Asama ကို ဘွဲ့ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ပြင်ဆင်ခြင်း အခမ်းအနားကိုMuang ရပ်ကွက်က သူမ အိမ်တော်မှာပဲ ကျင်းပ စီစဉ်စေခဲ့ပါတယ်နော်။ အစီအစဉ် အဆင်သင့် ဖြစ်တဲ့အခါ သူမကိုယ်စား ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ကို ဆေးရုံကို စေလွှတ်ခဲ့ပါတယ်တဲ့။ ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ

Abhaibhubejhr ဆေးရုံကို ရောက်ရှိခဲ့ပြီး ဘွဲ့အခမ်းအနားကို စတင်ခဲ့ပါတယ်နော်။ Asama ရဲ့ အခန်းထဲကို ဝင်လာခဲ့ချိန်မှာတော့ မိဘတွေ သာမက ဝေဒနာရှင် ကျောင်းသူ ကိုယ်တိုင် အလွန် အံ့သြ ဝမ်းသာခဲ့ပါတယ်တဲ့။သူမတို့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အရာဟာ တကယ် ဖြစ်လာခဲ့လို့ပါ။ကျောင်းသူဟာ ဝမ်းသာ ရှော့ခ်ရပြီး သတိ လွတ်သွားကာ နှလုံးပါ ရပ်သွားခဲ့တာကြောင့် ဘဲCPR နဲ့ အရေးပေါ် ပြုစုခဲ့ရပါသေးတယ်တဲ့။

အဲဒီနောက်တော့ တက္ကသိုလ် ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ ၊ ဆရာဝန်များ ၊ သူနာပြုများဟာ ကျောင်းသူ Asama အား ဘွဲ့ပေးခြင်း အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်နော်။Asama ကတော့ အိပ်ယာထက်မှာ လဲနေရင်းနဲ့ပဲ

သူမရဲ့ဘွဲ့ ကို ခက်ခက်ခဲခဲ လက်ခံခဲ့ရတာပါ။ ဝေဒနာ ခံစားနေရပေမယ့် သူမအတွက် အလွန် ကြည်နူး ဝမ်းသာဖို့ ကောင်းတဲ့ အခိုက်အတန့် ဖြစ်ပါတယ်တဲ့။ ဒီနေ့မှာ ကျွန်တော်တို့ရဲ့သမီးအတွက် သီးသန့် ဘွဲ့လာပေးခဲ့တယ်ဆိုတာကို အခုထိတောင် မယုံကြည်နိုင်သေးပါဘူး လို့ မိဘတွေက ဆိုပါတယ်နော်။မိဘတွေဟာ သမီးဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်နိုင်တဲ့ အတွက် အလွန် ဝမ်းသာနေပြီး ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ကို အလွန် ကျေးဇူး တင်နေကြတာပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*