ကျောင်းကပွဲတက်ဖို့ ကြောင်မလေးကို ရွေးချယ်ခဲ့တဲ့ကောင်လေး

အမေရိကန်နိုင်ငံ၊ Marylandပြည်နယ်၊ မှာနေထိုင်တဲ့Samလို့အမည်ရတဲ့ကောင်လေးဟာသူရဲ့မိသားစုဝင်တစ်ဦးဖြစ်တဲ့ကြောင်လေးRubyနဲ့ကျောင်းကပွဲတူတူတက်ဖို့ရွေးချယ်လိုက်တာကြောင့်ပရိသတ်တွေအံ့အားသင့်ခဲ့ကြရတာပဲဖြစ်ပါတယ်။လူအများစုကDateဖို့လူမရှိလို့မိသားစုဝင်ထဲကတစ်ယောက်ယောက်နဲ့ကျောင်းကပွဲတက်ရတာကိုရှက်ရွံ့တက်ကြပေမဲ့Samဆိုတဲ့ကောင်လေးကတော့အဲ့လိုမဟုတ်ပါဘူး။သူချစ်ရတဲ့ကြောင်မလေးRubyလေးကိုချီပွေ့ထားရတာကိုSamတစ်ယောက်နှစ်သက်သလိုကျောင်းကပွဲမှာသူအတွက်အပြည့်စုံဆုံးပွဲတက်အဖော်ဖြစ်မယ်လို့ယုံကြည်ခဲ့တာပဲဖြစ်ပါတယ်။

Samရဲ့အမေကလဲ ချစ်စရာကြောင်မလေးRubyလေးအတွက်ပွဲတက်ဝတ်စုံလေးနဲ့Samအတွက်လဲပန်းရောင်collarလေးကိုလိုက်ဖက်ညီအောင်ဆင်မြန်းပေးခဲ့ပါတာပဲဖြစ်ပါတယ်။ ပွဲတက်ဝတ်စုံလေးနဲ့ခန့်ညားနေတဲ့SamကိုRubyလေးကတမေ့တမောငေးကြည့်နေပုံလေးကိုSamရဲ့ညီမဖြစ်သူCarolineကအမိအရရိုက်ပြီးလူမှုကွန်ယက်မှာတင်ခဲ့တာကြောင့်ပရိသတ်တွေအရမ်းကိုသဘောကျနှစ်သက်ခဲ့ကြပြီးရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့Rubyလေးနဲ့ကျောင်းကပွဲကိုတူတူတက်ဖို့အစီစဉ်လေးဟာလွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်။အစီစဉ်လေးလွဲချော်သွားခဲ့ပေမဲ့လူမှုကွန်ယက်တွေမှာတော့သူတို့နှစ်ယောက်ရဲ့ပုံလေးဟာလူစိတ်ဝင်စားမှုခံနေရတုန်းပဲဖြစ်ပါတယ်။ Samနဲ့Ruby မရောက်ဖြစ်လိုက်တဲ့ကျောင်းကပွဲလေးကို သူတို့ရဲ့fanတွေကနေကျောင်းကပွဲထဲရောက်နေသလိုPhotoshopလေးတွေ လုပ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ကြောင်ကလေးRubyရဲ့ချစ်စဖွယ်အကြည့်လေးကြောင့်Internetပေါ်မှာကြည့်ရှုသူအင်မတန်များပြားလှပြီးရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Samဟာအခြားမြို့မှာCollegeသွားတက်နေရတာကြောင့်လွန်ခဲ့တဲ့ဆယ်နှစ်ထဲကတပူးတွဲတွဲနေလာခဲ့တဲ့Rubyလေးကိုလွမ်းနေရတယ်လို့သိရှိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*