ဗီယက်နမ်မှာ အလွန်စီးပွားဖြစ်နေတဲ့ သတို့သား ငှားရမ်းသည့်လုပ်ငန်း

ဗီယက်နမ်အမျိုးသမီးများ အိမ် ထောင်မကျမီ ကိုယ်ဝန်ရသွားလျှင် ယင်း ကို ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြလေ့ ရှိသည်။ ထို့ကြောင့် သတို့သားနှင့်ဧည့် သည်များ ငှားပေးကာ မင်္ဂလာဆောင်အတု လုပ်ပေးသည့်လုပ်ငန်းများသည် ဗီယက် နမ်တွင် အလွန်ခေတ်ကောင်းနေတော့ သည်။


ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရခြင်းကို ပတ်ဝန်းကျင်က ယခုထက်ထိတိုင် လက် သင့်မခံသေးသည့်အတွက် ဗီယက်နမ် တွင် နှစ်စဉ် ကလေးဖျက်ချမှုပေါင်း ၃၀၀ ၀၀၀ ကျော်ဖြစ်ပွားနေသည်။ ထိုနှုန်းထား သည် အာရှတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။ သတိ တစ်ချက်လွတ်ကာ အမှားကျူး လွန်မိသည့် ကျောင်းသူလေးများမှာ ပတ် ဝန်းကျင်က ပေးသည့် ဖိအားကြောင့် က လေးဖျက်ချနေရသည်။ ကလေးမဖျက်ချ လိုသည့် အမျိုးသမီးငယ်လေးများအတွက် မင်္ဂလာဆောင်အတု လုပ်ပေးသည့်လုပ် ငန်းများက အားကိုးအားထားစရာဖြစ်နေ သည်။

ထိုဝန်ဆောင်မှုသည် ဟန်ဆောင်သတို့သားသာမက ဟန်ဆောင်မင်္ဂလာ ဆောင်ဧည့်သည်များကိုပါ ငှားရမ်းပေး သည့်ဝန်ဆောင်မှုဖြစ်သည်။ ယင်းဝန် ဆောင်မှုမှာ ဒေါ်လာ ၁၅၀၀ မှ ဒေါ်လာ ၄၅၀၀ အထိ အစားစားရှိပြီး ဈေးနှုန်းကြီး မြင့်လှသော်လည်း ပတ်ဝန်းကျင်တွင် မျက်နှာမပျက်လိုသည့် မိန်းကလေးများက ယင်းကို ငှားလေ့ရှိသည်။ ဗီယက်နမ်တွင် မင်္ဂလာဆောင်အတုအလေ့အထတွင် ကျယ် နေသည်မှာ နှစ်ပေါင်း ၁၀ နှစ်ကျော်နေပြီဖြစ်သည်။

အချို့သောဝန်ဆောင်မှုမှာ ငါး နှစ်အစီအစဉ်ပါ ပါဝင်သည်။ ယင်းဝန် ဆောင်မှုကိုယူလျှင် မိန်းကလေးသည် ခင် ပွန်းအတု (သတို့သားအတု) ဖြစ်သူကို သာ ရေး၊ နာရေးပွဲများ အတူတက်ရန်အတွက် ပါ ငှားနိုင်မည်ဖြစ်သည်။ ခင်ပွန်းအတု (သတို့သားအတု) မှာ မိန်းကလေး၏ အ ကြောင်းကို လေ့လာမှတ်သားထားရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*