ညစာအတွက် ကြက်ဥတစ်လုံးသာတတ်နိုင်တော့တဲ့ လုံခြုံရေးအဘိုးအိုတစ်ယောက်ရဲ့အဖြစ်

တစ်ခါတစ်လေ ကိုယ်တွေတောင် စားချင်တဲ့အရာမျိုးရှိနေပြီး မစားခဲ့ရရင် အတော်လေးစိတ်ဆိုးမိတာဖြစ်ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက Facebook အသုံးပြုသူ အမျိုးသမီးတစ်ယောက်ဟာ ညစာအတွက် ကြက်ဥတစ်လုံးဖိုးသာ တတ်နိုင်တဲ့အဘိုးအိုကို hotpot ကျွေးမွေးဧည့်ခံဖြစ်တဲ့ အကြောင်းကိုဝေမျှခဲ့ပါတယ် ။

သူမရေးသားထားခဲ့တာကတော့ ” ကျွန်မသူငယ်ချင်းနဲ့ ကျွန်မ hotpot ထိုင်စားနေတုန်း လုံခြုံရေးဦးလေးကြီးတစ်ယောက်ဆိုင်အပြင်မှာ ရပ်နေခဲ့တာကို ကျွန်မတို့သတိထားမိခဲ့ပါတယ် ။ ကျွန်မတို့စားသောက်နေတဲ့ အစားအစာကိုအကြာကြီးရပ်ကြည့်နေပြီးနောက် တစ်ခုခုစဉ်းစားနေသလိုဖြင့် နောက်တော့ထွက်သွားခဲ့ပါတယ် ။ တစ်ခဏအကြာမှာတော့ ပြန်ရောက်လာခဲ့ပြီး ကျွန်မတို့စားနေတာကိုပြန်ရပ်ကြည့်နေခဲ့ပြီး ပြန်ထွက်သွားခဲ့ပါတယ် ။ အဲ့တော့ ကျွန်မတို့ကလည်း ဦးလေးကြီးကဗိုက်ဆာနေပြီး ဒါကိုစားချင်နေမှန်းသတိထားမိခဲ့ပါတယ် ။ အဲ့တော့ ကျွန်မတို့ကလည်း ဦးလေးကြီးကိုဆိုင်အပြင်မှာလိုက်ရှာခဲ့ပြီးနောက် အပြင်မှာခေါက်ဆွဲပြုတ်လေးနဲ့ ကြက်ဥလေးတစ်လုံးကိုကိုင်ပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ထိုင်စားနေတာကို တွေ့ခဲ့ပါတယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။

ထို့နောက်သူမက အဘိုးအိုကို ဘာလုပ်နေတာလဲ ဆိုပြီးမေးလိုက်ချိန်မှာတော့ အဘိုးအိုကဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်စားမလို့ဆိုပြီး ပြန်ဖြေခဲ့ပါတယ် ။ ထို့နောက် သူမက shabu စားချင်လားဆိုပြီးမေးလိုက်ချိန်မှာတော့ ဘာလဲ shabu ဆိုတာ ဆိုပြီးပြန်မေးခဲ့ပါတယ် ။ ထို့နောက်သူမက hotpot ဆိုပြီးပြန်ဖြေခဲ့ပေမဲ့လည်း အဘိုးအိုက တစ်ခါးမှ မစားဖူးတော့ မသိတဲ့ ပုံစံမျိုးဖြစ်နေပါတယ် ။ ထို့နောက် သူမကဖိတ်ခေါ်နေတာကို အဘိုးအိုက တစ်ခဏစဉ်းစားပြီးနောက် အဘိုးအိုက ပိုက်ဆံမရှိတော့ အစားအသောက်ဖိုးမတတ်နိုင်ဘူးဆိုပြီး ပြန်ဖြေခဲ့လို့ သူမကစိတ်မပူဘဲ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတော့တယ် ။

ထို့နောက် သူမက အရသာရှိလားဆိုပြီး မေးခဲ့ချိန်မှာတော့ အရသာရှိတယ် ၊ ကျေးဇူးတင်လိုက်တာ ဆိုပြီးပြန်ဖြေခဲ့ပါတော့တယ် ။ စားသောက်ပြီးနောက် အဘိုးအိုက သူမရဲ့ဖုန်းနံပတ်ကိုတောင်းပြီး သူလစာရရင် အကြွေးပြန်ဆပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့နောက် သူမတို့နှစ်ယောက်က ထီပေါက်၍ဧည့်ခံဖြစ်တာဖြစ်ကြောင်း လိမ်လည်ပြီးဖြေဆိုခဲ့ကြပါတယ် ။ ပိုက်ဆံကိုစိတ်မပူဖို့လည်း သူမတို့က ပြန်ပြောခဲ့ရပါတယ် ။ အဘိုးအိုဟာ သူမရဲ့အဘိုးအရင်းအရွယ်ဖြစ်နေ၍ အဘိုးအိုစားသောက်နေချိန်စောင့်ကြည့်နေတုန်း သူမအတော်လေး မျက်ရည်ဝဲခဲ့ရကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။ တကယ့်ကို စိတ်ချမ်းသာစရာကောင်းတဲ့ လှူဒါန်းမှုတစ်ခုပါပဲလေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*