မှန်နဲ့ဆောင့်မိပြီး ရုပ်ပျက်ဆင်းပျက်လဲကျသွားတဲ့ သူငယ်ချင်းကိုရယ်မိလို့ ပိုဆိုးတဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရသူရဲ့ (ရုပ်သံ)

လူဆိုတဲ့အမျိုးက ကိုယ့်ရဲ့သူငယ်ချင်း အရင်းခေါက်ခေါက်တွေကို ဘယ်လောက်ပဲချစ်ချစ် စချင် ၊ နောက်ချင် ၊ ပြောင်ချင်ကျတာ သဘာဝပါပဲ ။ တစ်ခါတစ်လေဆိုရင် လူကြားထဲမှာဆိုရင်တောင် သိသလို ၊ မသိသလိုနဲ့ အရှက်ခွဲချင်ကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း ပြေးလွှားရင်းနဲ့ မှန်တံခါးကိုဆောင့်မိခဲ့တဲ့ သူငယ်ချင်းကို အားရပါရရယ်ရင်း သူ့အလှည့်မှာမှ ပိုပြီးဆိုးနေတဲ့ အမျိုးသားရဲ့အဖြစ်ကို ဝေမျှပေးလိုက်ရပါတယ် ။

Video ၏အစပိုင်းမှာတော့ အင်္ကျီအမဲရောင်နဲ့ အမျိုးသား 2ယောက်ဟာ မှန်တံခါးအခြားတစ်ဖက်ကနေ အေးအေးလူလူ လမ်းလျှောက်ထွက်လာကြပါတယ် ။ ထိုအချိန်မှာ အင်္ကျီအဖြူနှင့်အမျိုးသားနှစ်ယောက်ဟာ ပြေးလွှာနေရင်း အရှေ့ဖက်တစ်ယောက်မှာ မှန်တံခါးကိုအပေါက်ဝလို့ထင်ရင်း အားရပါးရဝင်ဆောင့်မိခဲ့ပါတယ် ။

ထိုအချိန်မှာ အနောက်ဖက်ကအမျိုးသားဟာ ရယ်ချင်စိတ်ကို ထိန်းမနိုင်တော့ဘဲ အားရပါးရ ရယ်မောရင်း သူ၏သူငယ်ချင်းအဖြစ်ကိုပြန်လည်ပြောဆိုစနောက်ချင်စိတ်ဖြင့် အဆိုပါအဖြစ်အပျက်ကိုလိုက်တုရင် မှန်တံခါးကိုသွားဆောင့်ခဲ့ရာ အစောပိုင်းကအရှိန်နဲ့ဆောင့်မိတာလည်းပါလာ၍ မှန်တံခါးမှာအားနှင့်တောင်မဆောင့်လိုက်ရဘဲ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့ရပါတယ် ။

ထို့ကြောင့် သူငယ်ချင်းကိုစနောက်ပြီး အားရပါးရရယ်နေသောအမျိုးသားမှာ သူ့ထိုက်သူ့ကံဖြင့် မှန်တံခါးချပ်တစ်ခုလုံး၏တန်ဖိုးကို ပေးလျော်ရတော့မည်ဖြစ်ပါတယ် ။ အဆိုပါ Video မှာ ကြည့်ရှုသူများစွာရရှိခဲ့ပြီး သူငယ်ချင်း၏အဖြစ်ကိုရယ်မောခဲ့တဲ့အမျိုးသားကိုလည်း ဟာသမျိုးစုံနှောပြီး comment များရေးသားခဲ့ကြပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*