သူရပ်ထားခဲ့တဲ့ ကားကို အနှစ် နှစ်ဆယ် ကြာမှ ပြန်တွေ့ခဲ့တဲ့ အမျိုးသား (ဘာကြောင့်လဲဆိုတော့)

ကျွန်တော်တို့် တခါတရံ ကားကို ဘယ်နားရပ်ခဲ့လဲဆို တာ မနည်းပြန်စဉ်းစားရတဲ့ အခိုက်အတန့်မျိုးဖြစ်ဘူးကြမှာပါ။ ဒါပေမယ့် လုံးဝမမှတ်မိတော့တဲ့ အထိ၊ ရဲကို ပျောက်ဆုံးသွားကြောင်း အသိပေးရတဲ့ အထိတော့ ဖြစ်ဘူးသူနည်းပါလိမ့်မယ်။ ဒါပေမယ့် ဒီ အဖြစ်အပျက် ဟာ ဂျာမနီ နိုင်ငံ Frankfurt မှာ ၁၉၉၇ခုနှစ်က တကယ်ဖြစ်ပွားခဲ့တာပါ။ ကားပိုင်ရှင်တစ်ယောက်ဟာ သူ့ရဲ့ ကားကို ဘယ်နားရပ်ထားခဲ့မှန်း လုံးဝ မမှတ်မိတော့ပါဘူး။

ဘယ်လိုဖြစ်ပျက်ခဲ့တယ် ဆိုတာကို ယခု အခါ အသက် ရ၆နှစ်ရှိပြီဖြစ်တဲ့ ပိုင်ရှင်ကပြန်လည်ပြောပြခဲ့ပါတယ်။ သူဟာ စက်မှု အဆောက်အအုံရဲ့ ကားဂိုဒေါင်ထဲမှာ ကားကို ရပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နားရပ်ခဲ့မှန်း လုံးဝကို မမှတ်မိတော့ဘဲ ပြန်မတွေ့ဘဲ ဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ သူဟာ ရဲကို အကြောင်းကြားခဲ့ပြီး သူ့ရဲ့ ကံမကောင်းမှု အတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ နောင် အနှစ် နှစ်ဆယ်အကြာမှာ တော့ သူ့ရဲ့ ကားလေးကို ပြန်တွေ့ခဲ့ပါတယ်တဲ့။

စက်ရုံအလုပ်သမားတွေက အဲ့ဒီ့ စက်မှု အဆောက်အအုံ ကို ဖြိုဖျက်ဖို့ ကြိုးစားစဉ် ပိုင်ရှင်မဲ့ ကားတစ်စီးတွေ့ရကြောင်း ရဲကို အကြောင်းကြားခဲ့တာပါ။ ရဲတွေ က သူတို့ရဲ့ စနစ်ထဲ ပြန်လည်ရှာဖွေရာမှ လွန်ခဲ့သော နှစ် နှစ်ဆယ် က အသိပေးခဲ့တဲ့ ကားပျောက်အသိပေးအကြောငး်ကြားစာကို တွေ့ရှိခဲ့တာပါ။ အဲ့ဒါနဲ့ ချက်ချင်းပဲ ပိုင်ရှင်ကို အသိပေးခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ကားလေးဟာ အနှစ် နှစ်ဆယ်တောင်ကြာသွားပြီဖြစ်တဲ့ အတွက် မောင်းလို့မရတော့ဘဲ ကားသချိင်္ုင်းကို ပို့လိုက်ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*