ကိုရီးယားဘာသာစကားကိုသင်တန်းမတတ်ပဲ ကိုရီးယားဇာတ်််််််််််််််််ကားတွေကြည့်ြပီး ကျွမ်းကျင်ခဲ့တဲ့စပိန်နိုင်ငံသူလေး

ဘယ်အရာမဆို တကယ်စိတ်ပါရင်အတတ်မြန်တယ်ဆိုတာလက်တွေ့ပါပဲ။ စပိန်နိုင်ငံသူမိန်းကလေးတစ်ဦးဟာ သူမအသက်၁၈နှစ်ကတည်းကနေ ကိုရီးယားအချစ်ကားတွေကို ရူးသွပ်ခဲ့သူတစ်ဦးပါ။ သူမကကားတွေကိုကြိုက်သလောက် အောက်ကဘာသာပြန်စာတမ်းတွေကိုလိုက်ဖက်ရတာမုန်းတီးလှပါတယ်။ ဒါကြောင့်ဘာစာကိုမှဖတ်စရာမလိုပဲ ကိုရီးယားတွေပြောတာကိုအားလုံးနားလည်ချင်ခဲ့ပါတယ်။

ဒါနဲ့ပဲ ကိုရီးယားစကားကိုစတင်လေ့လာဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းကိုရီးယားစာတတ်သူတစ်ယောက်ကို ကိုရီးယားအခြေခံစကားလုံးတွေကိုသင်ခိုင်းခဲ့ပြီးသူမကိုယ်တိုင် ရုပ်ရှင်တွေများမျာကြည့်ရင်းကနေလေ့လာခဲ့ပါတယ်။ သူမစကြည့်ခဲ့တဲ့ကားကတော့ F4 ကားပါ။ ဒီကားအပြင်နောက်ထပ် အချစ်ဇာတ်လမ်းတွဲတွေကြည့်ရင်း စကားလုံးတွေကိုနားထောင်ကာ လေ့လာခဲ့ပါတယ်။

နောက်ပြီးဘုရားကျောင်းတက်တဲ့အချိန်မှာလည်းကိုရီးယားလူမျိုးတွေ ကိုလိုက်လံပေါင်းသင်းပြီးသူတို့ဆီကစကားတွေကိုနားလည်တစ်ချက်မနားလည်တစ်ချက်နဲ့သင်ကြားလေ့လာခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာကြီးနောက်မှာ သူမကိုရီးယားနိုင်ငံကိုသွားရောက်ပြီး ကိုရီးယားဘာသာစကားနဲ့အလေ့ထတွေကို အင်္ဂလိပ်လိုဘာသာပြန်ပြီး သူ့ကျောင်းမှာတင်ပြဖို့ကြိုးစားခဲ့ပါတယ်။ ကိုရီးယားကိုရောက်ရောက်ချင်းဒီနေရာနဲ့စိမ်းနေသလိုမခံစားရပဲ နွေးထွေးနေတယ်လို့ခံစားရကြောင်းသိရှိရပါတယ်။

သူမရဲ့ကံကိုကပါလာတယ်ပဲပြောရမလား နောက်ဆုံးမှာတော့ ကိုရီးယားအမျိုးသား တစ်ဦးနဲ့စုံမက်လို့လက်ထက်ခဲ့ကြပြီးနောက်ဆုံးမှာတော့လေ့လာအားကောင်းတဲ့ကောင်မလေးဟာကိုရီးယားအောင်ထောင်ရှင်မတစ်ဦးဖြစ်သွားပါတော့တယ်…

 

Be the first to comment

Leave a Reply

Your email address will not be published.


*