
Romina Pitton လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်သူနဲ့ မင်္ဂလာဆောင်ဖို့ အစစအရာရာစီစဉ်ပြီးချိန်မှာသတို့သားဘက်က ဖျက်သိမ်းသွားခဲ့ပါတယ်။ သူမဟာ အာဂျင်တီးနားနိုင်ငံ San Lorenzoမြို့မှာနေထိုင်သူဖြစ်ပါတယ်။သတို့သားဘက်က ဖျက်သိမ်းသွားပေမယ့် သူမကတော့ သူမရဲ့ စီစဉ်ထားတဲ့ မင်္ဂလာဆောင်ကို မဖျက်ခဲ့ပါဘူး။
ရက်အနည်းငယ်လိုပြီး ဖျက်လို့အချိန်မီပေမယ့် သူမကတော့ မဖျက်ပဲသူမရဲ့ ခွေးနဲ့ပဲ လက်ထပ်ခဲ့ပါတယ်။ သတို့သားလောင်းဖြစ်သူက Rominaကို ဖောက်ပြန်တယ်လို့ သက်သေမရှိပဲ စွပ်စွဲကာ ဖျက်သိမ်းသွားခြင်းလည်းဖြစ်ပါတယ်။Rominaကတော့ သတို့သားလောင်းအနေနဲ့ သွေးအေးပြီး စိတ်ပြောင်းသွားကြောင်း ပြောဆိုခဲ့ပါတယ်။
Romina ဟာ သူမရဲ့ ခွေးမလေးကို မင်္ဂလာဝတ်စုံဝတ်ပေးခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ သူမဟာ မင်္ဂလာဆောင်မှာလည်းဒီခွေးမလေးအပေါ်သစ္စာရှိမည်ဖြစ်ကြောင်း ထုံးစံအတိုင်းပြောကြားခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကို စနေနေ့က Hotel Bigas Saurit မှာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Rominaဟာ သူမနဲ့သူမရဲ့ခွေးလေးပုံကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပြီး “ကျွန်မရဲ့မင်္ဂလာဆောင်ကိုလာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ရေးသားခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းတစ်ယောက်ကတော့ “နင်တကယ့်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တာပါ”လို့ ရေးသားခဲ့ပါတယ်။
Leave a Reply