ကိုဗစ်ကြောင့် အလုပ်ပြုတ်ပြီးနောက် နာရေးယာဉ်မောင်းနေတဲ့ လေယာဉ်မှူး

ကိုဗစ် က တော့ တကယ့်ကို ဂြိုလ် မွှေ လွန်းတဲ့ ကပ်ရောဂါ ဆိုးကြီးပါ။သူ့ ကြောင့် ထိခိုက် နစ်နာရတဲ့ စီးပွား ရေးလုပ်ငန်းတွေ၊အလုပ်အကိုင် ဆုံးရှုံးရတဲ့ လူ တွေ အများကြီးပါ။တရုတ်က အစပြု လိုက်တဲ့ ကပ် ဆိုးကြီး က တော့ အစပြု ရာ နိုင်ငံမှာ အ ခြေ အ နေပြန် ကောင်း ေ န ပေမယ့် တခြားနိုင်ငံ တွေ က တော့ ကိုဗစ်ဒဏ်ကို လူးလိမ့် ခံ နေကြရ တုန်းပါ။ကမ္ဘာ့ နိုင်ငံ တွေရဲ့ စီးပွားရေးကို ထိုးနှက် လိုက်တဲ့ ကိုဗစ် ကြောင့် အလုပ်ပြုတ်ရသူတွေ ထဲမှာ Ahmad Rashidi ဆိုတဲ့ လေယာဉ်မှူး ကလည်း တစ်ယောက် အပါအဝင် ပါ။ဒီအ ကြောင်းကိုတော့ SAYS မှာ ဖော်ပြထားတာပါ။


သူက တော့ လုပ်သက် (၁၁)နှစ်ရှိ နေတဲ့ ဝါရင့် လေယာဉ်မှူး ကြီးပါ။သူလည်း ကိုဗစ် မှာပဲ အလုပ်ပြုတ် ခဲ့ ရ ပါတယ်။ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့ အစည်း Amalteam ရဲ့ အဖွဲ့ ဝင် တစ်ယောက်ပါ။ နွမ်းပါးတဲ့ မိသားစု တွေ အတွက် နာရေး ကိစ္စ တွေမှာ ကူညီ ပေး နေတဲ့ အဖွဲ့ ပါ။ Mohd Zulhairi Zainol က တော့ သူ့ရဲ့ Fb မှာ Ahmad Rashidi ဆိုတဲ့ အမျိုးသားရဲ့ အ ကြောင်းကို ဝေမျှ ခဲ့ပါတယ်။

“ကျ တော်တို့ အဖွဲ့ရဲ့ စေတနာ့ ဝန်ထမ်း အသစ် Shidi ပါ။သူ က တော့ လွန်ခဲ့တဲ့ လေးလ လောက်က အလုပ်ြ ပုတ် ပြီး နောက်မ လေးရှားကို ပြန်လာပြီး ဒီအ ဖွဲ့ မှာ ပါဝင် ခဲ့တာပါ။အရင် တုန်းက Etihad Airways မှာ လေယာဉ် မှူး အဖြစ် ၁၁ နှစ် လောက် လုပ်လာခဲ့တာပါ။အခုဆိုရင် တော့ Amal Team နဲ့ အတူ နာ ရေးယာဉ် မောင်းသူ အဖြစ် ပါဝင် ပေးနေပါတယ်..” ဆိုပြီး တင်ခဲ့တာပါ။လေယာဉ်မှူး ယူနီ ဖောင်းနဲ့ လက် ရှိ ပုံ မှန် အဝတ်အစားနဲ့ ပုံနှစ်ပုံ ကို ယှဉ်ပြီး တင်ခဲ့တာပါ။


လေယာဉ်မှူး ဟောင်း Shidi က တော့ အသက် (၃၇) နှစ် ပါ။လ စာ အရမ်း ကောင်းတဲ့ အလုပ်ကို လက်လွှတ်လိုက်ရ ပေမယ့် လည်း စိတ်ဓါတ် ကျ အားငယ်မ နေပဲ ဘ၀ ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေတာပါ။အခ ကြေး ငွေ နဲ့ နာရေးယာဉ် မောင်း နေတာ မျိုး မဟုတ်ပဲ စေတနာ့ ဝန်ထမ်း အဖြစ်နဲ့ လုပ် ကိုင် ပေးနေတာပါ။Fb Post အောက် မှာတော့ လေယာဉ်မှူးဟော င်းတစ်ယောက်ရဲ့ လူသားချင်းစာနာ ကူညီ တက်မှု အ ပေါ် ဝိုင်းပြီး ချီးကျူး ပြောဆို နေကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*