သားလိုချင်ပင်မဲ့သားမမွေးလာလို့မွေးလာတဲ့သမီးလေးကိုရောင်းစားခဲ့သူ

တရုတ်နိုင်ငံက လင်မယားနှစ်ယောက်ဟာသူတို့ရဲ့ပထမကလေးကို သားယောကျ်ားလေးမွေးဖွားခဲ့ပါတယ်။ ဒုတိယမွေးရင်လည်းသားယောကျ်ားလေးပဲထပ်ယူချင်တယ်လို့ပြောခဲ့ပါတယ်။ ဒါပင်မဲ့လူ့အလိုနတ်မလိုက်နိုင်ဆိုသလို ဒုတိယကလေးလေးကမိန်းကလေးဖြစ်နေခဲ့ပါတယ်။သားသမီးချင်းတောင် ယောက်ျားမှ မိန်းမမှနဲ့ခွဲနေတဲ့ စိတ်ဓာတ်မပြည့်ဝတဲ့ လူကြီးဟာ သူ့သမီးလေး ဆယ်ရက်သမီးကို တစ်ခြားသူထံရောင်းစားဖို့စီစဉ်ခဲ့ပါတယ်။

ဒေါ်လာ ၅၇၄၀၀ နဲ့ကလေးဝယ်သူလင်မယားဆီကို Online ကနေရောင်းချခဲ့တယ်လို့သိရပါတယ်။ ကလေးမလေးရဲ့အဖွားဖြစ်သူဟာသူ့ရဲ့မွေးကာစမြေးမလေးကို တွေ့ချင်လို့အကြိမ်ကြိမ်ကြိုးစားခဲ့ပင်မဲ့သားဖြစ်သူကငြင်းဆိုပြီးအကြိမ်ကြိမ်တားခဲ့ပါတယ်။ သူ့သားစီစဉ်နေတာတွေကိုရိပ်မိနေတဲ့ အဖွားကြီးဟာ မဖြစ်တော့ဘူးဆိုတဲ့စိတ်နဲ့သူ့သားအိမ်ကိုသွားခဲ့ရာမှာတော့မြေးမလေးဟာပျောက်ဆုံးနေခဲ့ပါတယ်။

ဒါကြောင့်အဖွားကြီးက ရဲကိုအကြောင်းကြားခဲ့ပြီးသူ့သားရဲ့ရက်စက်တဲ့စီစဉ်မှုကိုတိုင်ကြားခဲ့ပါတယ်။ ရဲတွေကစစ်ဆေးမေးမြန်းရာမှာတော့ သမီးမလိုချင်လို့သူ့သမီးကို အွန်လိုင်းပေါ်ကနေ ရောင်းချခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ ဝယ်ယူသူတွေကိုခြေရာခံလိုက်ရာမှာတော့ ဖမ်းမိသွားပြီ ကလေးကိုပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ လောကကြီးမှာ အဖေစိတ်မရှိပဲ အတ္တကြီးတဲ့ လူတွေလည်းသိပ်များလာပါလား ….တကယ်ကိုကြောက်ဖို့ကောင်းပါတယ်

နော်…သားသမီးချင်းတူတူသားမှသမီးမှလို့ခွဲရအောင်လည်းမွေးချင်တိုင်းမွေးလို့ရတာလည်းမဟုတ် စိတ်ဓာတ်အောက်တန်းကျလွန်းတဲ့ဒီလိုလူမျိုးတွေထပ်မရှိပါစေနဲ့လို့ဆုတောင်းရတော့မှာပါပဲ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*