တောင်ကိုရီးယားရောက်ရင် လုံး၀ မလုပ်သင့်တဲ့ အပြုအမူ(၈)မျိုး

နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ ယဉ် ကျေးမှုတွေ က တော့ တစ်ခုနဲ့ တစ်ခု မတူ ကြပါဘူး။တစ်နိုင်ငံ မှာ ယဉ် ကျေးတယ်လို့ လက်ခံ ထားတဲ့အပြု အမူ ဟာ တခြားနိုင်ငံ အတွက် တော့ ရိုင်းနေတာ မျိုး လည်း ဖြစ်နိုင်ပါတယ်။ တောင်ကိုရီးယားကို ရောက်ရင် လုံး၀ မလုပ်သင့်တဲ့ အပြုအမူ တွေ အ ကြောင်းကို တော့ brightside မှာ အခုလို ဖော်ပြထားပါတယ်။

 

ချီး အကြောင်း ပြောတာမရိုင်း

ကိုရီးယားမှာချီး အ ကြောင်း ပြော တာ မျိုးက မရိုင်းပါဘူး။ချီး ကြောင်း သေး ကြောင်းကို တစ်ယောက် နဲ့ တစ်ယောက် လွတ်လွတ်လပ်လပ် ပြော ကြပါတယ်။ဥ ပ မာ- သမီးရည်းစားကြားမှာ လည်း ဒီကိစ္စ ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

 

 

 

 

 

 

ဆေးလိပ်ကို သောက်ချင်တဲ့ နေရာမှာ သောက်လို့ မရ

ကိုရီးယားမှာတော့ ကြုံ တဲ့ေ နရာမှာ ကြုံ သလို ဆေးလိပ် ထ သောက်လို့ မရ ပါဘူး။ဆေးလိပ် သောက် ဖို့ ပေးထားတဲ့ သီးသန့် နေရာမ ဟုတ်တဲ့ နေရာမှာ မ ဆင် မ ခြင် သွား သောက်မိရင် တော့ ဒဏ်ငွေ ပေး ဆောင်ရပါတယ်။

တူနဲ့ မကစားရ

တူနဲ့ မကစားရတာက တော့ မြန်မာနိုင်ငံနဲ့ တူပါတယ်။ဒီမှာ ဆိုရင်တော့ စားတဲ့ သောက်တဲ့ ဇွန်းတွေ နဲ့ ကစား တာ မျိုးကို လူကြီး မိဘ တွေက မကြိုက်ကြသလို မျိုးပါ။ကိုရီးယားမှာက တော့ တူတွေ နဲ့ ကစားတာ မျိုး က အရမ်းကို ရိုင်းတဲ့ အပြု အမူ ပါ။တူ ကို အစား အသောက် ပေါ်မှာ ထောင်ထားတာ မျိုးတွေ ဆိုတာ လုံး၀ လုံး၀ မလုပ် ရပါဘူး။

 

တက်တူးတွေကို ထုတ်မပြရ

ကိုရီးယားမှာတော့ တက်တူးကို လက်ခံတယ်ဆို ပေမယ့်လည်း တက်တူး က ဂုဏ်ဆာ ပြရမယ့် အရာ လို့ တော့ လက်မခံ တဲ့ လူတွေအ များကြီး ရှိ နေတုန်းပါ။ကျန်းမာရေးဝန်ထမ်းတွေ ဆိုရင် တက်တူး ထိုး ခွင့် မရှိဘူး ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိ နေတုန်းပါ။ကိုယ့်ရဲ့ တက်တူးတွေကို ထုတ်ပြ လိုက်မယ် ဆိုရင် လူဆိုး လူမိုက် ဒီဇိုင်း မျိုးနဲ့ ကိုရီးယားတွေ က ဆက်ဆံ တာ မျိုးတွေ ရှိတာ၊ အလုပ် မခန့်တာ မျိုးတွေ ရှိတတ်ပါတယ်။

 

Tips ပေးတာ ရိုင်း

တောင်ကိုရီးယားမှာတော့ စားပွဲ ထိုးတွေ အတွက် Tips Money ပေးရင် စော်ကားတယ်၊ရိုင်းတယ်လို့ များ သောအားဖြင့် သတ်မှတ် ကြပါတယ်။အဲ့ဒီကစားပွဲထိုး တော်တော်များများက လစာ မနိမ့် ကြပါဘူး။ဒါပေမယ့် အ မေရိကန် ၊ဥ ရောပ တို့ မှာဆိုရင်ေ တာ့ ကိုရီးယားနဲ့ ပြောင်းပြန်ပါ။မုန့်ဖိုး ပေးရင် ဝမ်းမြောက် ဝမ်းသာကို လက်ခံ ကြပါတယ်။

အစားကို ချန် မထားရ
မြန်မာမှာတော့ ပန်းကန် ထဲမှာရှိတဲ့ အစားအစာကို ပြောင် အောင် မစားကောင်းဘူး ဆိုပြီး ပြောတာ မျိုးတွေ ကြုံ ဖူးပါတယ်။ကိုရီးယားမှာတော့ ဆန့်ကျင်ဘက်ပါ။ပန်းကန်ထဲ က အစားအစာကို ပြောင်လက် နေ ေ အာင် စား ရပါတယ်။

 

လည်ပင်း အဟိုက်တွေ ဝတ်ရင် ရိုင်းတယ်လို့ သတ်မှတ်

V Shape ပဲ ဖြစ်ဖြစ်၊အဝိုင်းပဲ ဖြစ်ဖြစ် လည် ပင်း အဟိုက် ဝတ်တာ မျိုးကိုတော့ ရိုင်းတယ်၊လိင် ကိစ္စ ကို ဖိတ် ခေါ် နေတယ်လို့ သတ်မှတ် ကြပါတယ်။ဒါပေမယ့် စကပ် အတို ဝတ်တာ မျိုးကို တော့ အဲ့ လောက် ထိ ခါးခါး သီးသီး မဖြစ်ပဲ အ ပေါ် ပိုင်း လည် ပင်း အဟိုက် ဆိုရင် ပိုပြီး ခါးခါးသီးသီး ဖြစ် ကြပါတယ်

 

စိုက်ကြည့်တာ၊ မမေးမြန်းပဲ ဓါတ်ပုံရိုက်တာမျိုး မလုပ်ရ

ဒါက တော့ မြန်မာ နဲ့ တူပါတယ်။မသိတဲ့ လမ်းသွားလာတစိမ်းတွေကို လိုက် ကြည့် တာမျိုး၊ခွင့် မ တောင်းပဲ ဓါတ်ပုံ ရိုက်တာ မျိုးက ရိုင်းစိုင်းတဲ့ အပြု အမူပါ။ကိုရီးယားမှာတော့ ခွင့် မ တောင်းပဲ ဓါတ်ပုံခိုးရိုက်တာ မျိုးကို ကျူးလွန် ရင် ဒဏ်ငွေ ဆောင်တာ၊ရဲ စခန်း ရောက် တာ မျိုးတွေ အထိ အ ရေးယူလို့ ရပါတယ်။

Source AM

Be the first to comment

Leave a Reply

Your email address will not be published.


*