ပိုက်ဆံ 40000ကျပ်ရဖို့ ကြက်ဥအလုံး50 အစားပြိုင်ရင်း အသက်သေဆုံးသွားခဲ့တဲ့ အမျိုးသား

တန်ရင်ဆေး ၊ လွန်ရင်ဘေး ဆိုတဲ့အတိုင်းပါပဲ ။ ဘာဘဲဖြစ်ဖြစ် လိုတာထက်ပိုသွားတာမျိုးကမကောင်းပါဘူး ။ အရက်အများကြီးသောက်တာမကောင်းဘူး ၊ ပိုက်ဆံအများကြီးသုံးရင်လည်း မကောင်းဘူး ၊ အစားအစာကိုလည်း အများကြီးစားသောက်တာမျိုးကမကောင်းဘူး စတဲ့ကိစ္စရပ်တွေကို တစ်ချို့သောသူတွေစဉ်းစားဆင်ခြင်တတ်အောင် ပြောပြဖို့ကအတော်လေးခက်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း အိန္နိယနိုင်ငံ ၊ Jaunpur မြို့မှာနေထိုင်တဲ့ အမျိုးသားဟာ တစ်ကြိမ်တည်းမှာ ကြက်ဥ 42လုံးစားပစ်ခဲ့ပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါ အသက် 42 နှစ်အရွယ် Subhash Yadav အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ သူငယ်ချင်းဖြစ်သူနှင့်အတူဈေးသွားရင်း စကားအငြင်းအခုံဖြစ်ခဲ့ရပါတယ် ။ ထို့ကြောင့် စကားအငြင်းအခုံကိုဖြေရှင်းဖို့အတွက် သူငယ်ချင်းဖြစ်သူက Yadav ကို ကြက်ဥအလုံး 50 စားပြိုင်ကြဖို့ စိန်ခေါ်ခဲ့ပါတော့တယ် ။ အဆိုပါ ကြက်ဥအလုံး 50စားပြိုင်တဲ့ အဖြစ်အပျက်ဟာ 1967 ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Cool Hand Luck ရုပ်ရှင်ဌာတ်ကားထဲမှာ အဓိကဇာတ်ကောင်ကစားပြခဲ့တာဖြစ်တဲ့အတွက် အရင်ချိန်ကအတော်လေးကို ခေတ်စားခဲ့ပါတယ် ။

ထို့အပြင် သူငယ်ချင်းဖြစ်သူက စားနိုင်လျှင် 2000 rupees (မြန်မာငွေ 4သောင်းကျော်) ဆုချမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ Yadav ဟာ ကြက်ဥအလုံးပေါင်း 41လုံးစားခဲ့တဲ့အထိ အဆင်ပြေနေခဲ့သေးပေမဲ့လည်း အလုံးပေါင်း 42လုံးမြောက်မှာတော့ သတိလစ်မေ့မျောသွားခဲ့ပါတယ် ။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူက ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း Sanjay Gandhi Post Graduate Institute Of Medical Science သို့ပြောင်းရွှေ့ပြီး မကြာခင်မှာပဲ Yadav ဟာ အသက်သေဆုံးသွားခဲ့ရပါတယ် ။ ထို့ကြောင့်ဆရာဝန်ဖြစ်သူကYadav ဟာ အစားလွန်ပြီးအသက်သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*