(၂)နှစ်အရွယ်သားကို မစောင့်ရှောက်ချင်တော့လို့ သမီးကြီးကို တရားစွဲခဲ့တဲ့ မိဘနှစ်ဦး

တရုတ်နိုင်ငံက မိဘနှစ်ဦးဟာ ကျွေးမွေးစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ (၂)နှစ်အရွယ်သားကို ဆက်လက်မစောင့်ရှောက်ချင်တော့တဲ့အတွက် သမီးကြီးကို တရားစွဲခဲ့ပါတယ်။ သူတို့မိဘနှစ်ယောက်စလုံးဟာ ဆင်းရဲပင်ပန်းနေပြီဖြစ်လို့ မောင်တွေကိုစောင့်ရှောက်ဖို့ သမီးကြီးရဲ့ဝတ္တရား ဖြစ်သွားပြီလို့ ယင်းမိဘနှစ်ဦးက ဆိုခဲ့တာပါ။

သမီးကြီးက လက်မခံလို့ တရားရုံး ရောက်ခဲ့ပါတယ်။ တရားရုံးကလည်း မိဘတွေကို အနိုင်ဒီဂရီ ပေးခဲ့ပါတယ်။ မိဘတွေဟာ ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဘဏ္ဏာရေးအခြေအနေမှာ မရှိတော့ဘူးလို့ တရားသူကြီးက သုံးသပ်ခဲ့တာပါ။ သမီးကြီးရဲ့အမည်ကိုတော့ Le Le လို့ ဖော်ပြထားပြီး၊ အသက်(၂၂)နှစ် ဖြစ်ပါတယ်။

 

သူမရဲ့မောင်လေးမှာ (၂)နှစ်သာ ရှိသေးပြီး၊ တကယ်က သားသမီးတွေကို စောင့်ရှောက်ဖို့ရာမှာ မိဘတွေက အဓိက ဖြစ်ပြီး၊ အခုလို အမှုအခင်းမျိုးကလည်း ဖြစ်တောင့်ဖြစ်ခဲပါဘဲ။ နောက်ပြီး အရွယ်အားဖြင့် သန်တောင်းသန်မာရှိသေးတဲ့ မိဘနှစ်ယောက်အနေနဲ့ သားသမီးကို စောင့်ရှောက်ဖို့ သမီးကြီးကို တာဝန်လွှဲအပ်ခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။

သူတို့မိဘနှစ်ယောက်ကတော့ သူတို့မှာ ကလေးကို စောင့်ရှောက်ဖို့ ငွြေ့ခူးတစ်ပြားတောင် မရှိတော့ဘူးလို့ ပြောပါတယ်။ Le Le နဲ့ မောင်ဖြစ်သူတို့ကြားမှာ အသက်(၂၀)အထိ ကွာဟနေပြီး၊ တခြားမွေးချင်ညီအစ်ကိုမောင်နှမ မရှိကြပါဘူး။ သူမ အသက်(၂၀)အရွယ်မှာပဲ မိဘနှစ်ဦးက ကလေးမထင်မှတ်ဘဲ ရရှိခဲ့ရာကနေ ဒီပြဿနာ စတက်လာခဲ့တာပါ။

 

သမီးကြီးဖြစ်တဲ့ Le Le ကတော့ ကိုယ်ပိုင်အစွမ်းအစနဲ့ ကောလိပ်ပြီးအောင် တက်ခဲ့ရပြီး၊ လက်ရှိအချိန်မှာ လုပ်ငန်းခွင်နယ်ပယ်မှာ နေရာတစ်ခု ရနေပါပြီ။ မိဘတွေ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့် တရားရုံးဆုံးဖြတ်ချက်ကိုတော့ လေးစားရမယ်လို့ သူမက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိမ်းမြားလက်ထပ်မှုဆိုင်ရာ ဥပဒေတစ်ခုအရ-

အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးတဲ့ သားသမီးတွေဟာ မိဘတွေရဲ့ မနိုင်ဝန်မှာ အဓိကတာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါသတဲ့။ သို့မဟုတ် မိဘတွေ နာမကျန်းဖြစ်တဲ့အခါ၊ ဆင်းရဲနွမ်းပါးလွန်းတဲ့အခါ နောက်ပြီး မိဘတွေ သေလွန်တဲ့အခါ သားကြီးသမီးကြီးတွေအဖို့ အရွယ်မရောက်သေးတဲ့ မွေးချင်းတွေကို တာဝန်ယူစောင့်ရှောက်ရမယ်လို့လည်း ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

 

Ref ; Mirror

Be the first to comment

Leave a Reply

Your email address will not be published.


*