နားကိုက်နေလို့ စစ်ကြည့်လိုက်ခါမှ နားထဲမှာ ပိုးဟပ်10ကောင်ကျော် တွေ့ခဲ့တဲ့အမျိုးသား

တစ်ကိုယ်ရည်သန့်ရှင်းဖို့ဆိုတာ တကယ့်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုပါ ။ ကိုယ့်ရဲ့ နားကိုကော ဘယ်အချိန်မှာနောက်ဆုံး သန့်ရှင်းရေးလုပ်ခဲ့ကြတာလဲ စသဖြင့်ပေါ့ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံတောင်ပိုင်းက Mr.Lv ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ညာဖက်နားဟာ အတော်လေးကိုနာကျင်နေခဲ့လို့ ဆေးရုံသွားပြခဲ့ပါတယ် ။ စပြီး ကြားခါးစတော့ ပုံမှန်လို့ထင်နေကြမှာပါ ။ ဒါပေမဲ့ Mr.Lv ဟာဆေးရုံသို့မသွားခင် သူ့ရဲ့မိသားစုဝင်တွေထံ နားကနာလွန်းတယ်ဆိုပြီး ညည်းညူ ခဲ့ချိန်မှာတော့ မိသားစုဝင်တစ်ဦးက ဓာတ်မီးနဲ့သူ၏နားထဲထိုးကြည့်လိုက်ချိန်မှာ ပိုးဟပ်အကောင်အကြီးကြီကိုတွေ့ရှိသွားခဲ့ပါတယ် ။

နား ၊ နှာခေါင်း နှင့် လည်ချောင်း အထူးကုဆရာဝန်ဖြစ်တဲ့ Dr.Zhong Yijin ရဲ့ပြောပြချက်အရ Mr.Lv ဟာ သူ့ရဲ့နားထဲမှာ နာကျင်နေပြီး တစ်ခုခုရွှေ့လျားနေသလို ၊ ကုတ်နေသလို ခံစားရကြောင်း ပြောပြလာ၍ နားထဲစစ်ကြည့်လိုက်ချိန်မှာတော့ 10ကောင်ခန့်ရှိတဲ့ပိုးဟပ်ပေါက်စလေးတွေ ပတ်ပြေးနေတာကို တွေ့ရှိခဲ့ပါတယ် ။ ပိုးဟပ်အမကြီးကို မဖယ်ထုတ်ခင် ပိုးဟပ်ပေါက်စလေးတွေကို ဇာဂနာဖြင့် တစ်ကောင်ပြီးတစ်ကောင် ဖယ်ထုတ်ခဲ့ပါတယ် ။ အကုန်လုံးဖယ်ထုတ်ပြီးချိန်မှာတော့ သူ၏နား နာကျင်မှုဟာချက်ချင်သက်သာသွားခဲ့ပါတယ် ။

ကံကောင်စွာနဲ့ ဆိုးဆိုးဝါးဝါးထိခိုက်နာကျင်မှုမျိုးမရခဲ့ပါဘူး ။ ဘာလို့ ယခုလိုပိုးဟပ်နားထဲဝင်သွားရတာလဲဆိုပြီး မေးကြည့်လိုက်ချိန်မှာတော့ Mr.Lv ဟာ စားသောက်ပြီး အနည်းငယ်ကျန်ရှိနေသေးတဲ့ အစားအသောက်အထုပ်တွေကို တစ်ခါထည်း မသိမ်ဆည်းပဲ သူ့ရဲ့အိပ်ယာအနားမှာအမြဲတမ်းထားရှိလေ့ရှိသောကြောင့် ပိုးဟပ်တွေကိုလက်ယှက်ခေါ်နေသလိုဖြစ်နေခဲ့ပြီး ယခုကဲသို့သောဖြစ်ရပ်မျိုး ဖြစ်လာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်ရေးသာမက အမြဲတမ်း သန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းတကျနေထိုင်တတ်ဖို့ လိုအပ်ကြောင်း သတိပေးပြောဆိုလိုက်ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*