
လောကမှာ အသက်ထက် ဂုဏ်ယူတန်ဖိုး ထားရမဲ့ အရာတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံက လေသူရဲ တွေဟာ ဆိုရင်လည်း သူတို့ အသက်ကို တန်ဖိုးမထားပဲ တိုင်းပြည် အတွက် စွန့်စားမှု တခုပြုလုပ်ခဲ့ ကြပါတယ်။
လေသူရဲ ၂၁၇ ဦးဟာ Sequential Game ဆိုတဲ့ ကစားပွဲတခုမှာ အမြင့်ပေ ၁ သောင်း ၉ ထောင်ကနေ ခုန်ချပြီး စတန့်ပြကွက် တခုကိုပြသခဲ့ပါတယ်။ Game ကို အရီဇိုးနားပြည်နယ် အီလွိုင်မြို့မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပြီး အဆိုပါ စတန့်ပြကွက် ဟာ ကမ္ဘာ့ စံချိန်ချိုး သွားပါတယ်။
ယခင်က လေသူရဲ ၁၀၄ဦး ဟာ လေယာဉ်ဆယ်စီးပေါ်ကနေ တပြိုင်နက်တည်း ခုန်ချကာ ကမ္ဘာစံချိန်မှတ်တမ်းဝင်ခဲ့ဖူး ပါသေးတယ်။ ဒီတခါကတော့ ပထမတခုကို ကျော်လွန်ပြီး နှစ်ဆကောင်းမွန် အောင်လုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။
လေယာဉ်တစီးစီရဲ့ အပေါ်ကနေ လေသူရဲတွေက ခုန်ချပြီး ကောင်းကင်ပေါ် ပြန့်ကျဲနေပြီးနောက် ကောင်းကင်ထဲ ရေလှိုင်းပုံသဏ္ဌာန် အနေအထားယူကာ ပန်းပွင့်ပုံနဲ့ စက်ဝိုင်းပုံတွေ ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
Leave a Reply