သမီးရဲ့ မွေးနေ့ပွဲ ကို မထင်မှတ်ပဲဆိုရှယ်မှာဗွီဒီယိုရိုက်ပြီး တင်ခဲ့ကာ လူ ၁ သန်းကျော်ကတက်ရောက်ဖို့ ရှိလို့ အံ့အားသင်ခဲ့ရ

မက္ကဆီကိုက အသက် ၁၅ နှစ်အရွယ် သာမန်ပြည်သူမိန်းကလေး ငယ်တစ်ဦးရဲ့ မွေးနေ့ပွဲ ကို တက်ရောက်ကြဖို့ လူတစ်သန်းနီးပါးက အဆင်သင့်ဖြစ်နေပြီဖြစ်နေတယ်လို့ အင်တာနက်စာမျက်နှာတွေက တဆင့်သိရတာက သိပ်ကို အံ့သြစရာကောင်းပါတယ်။

ဘယ်သူဘယ်ဝါ အောင်မြင်ကျော်ကြားသူလဲ မဟုတ်ပါပဲ ဒီလောက် ထိ ကမ္ဘာတစ်ဝန်းက လူတစ်သန်းကျော်နီးပါးက မွေးနေ့ပွဲလာ ရောက်ကြမယ်ဆိုတဲ့ အကြောင်းအရင်းက အထူးအဆန်းပါပဲ။ အမှန် တကယ်တော့ ဒါက လွဲချော်မှုတစ်ခုကြီး ဖြစ်သွားခဲ့တာပါ။
လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်မယ့် မိန်းကလေးငယ် ရူဘီ ကွီစီနန်ထရာရဲ့ မွေးနေ့ပွဲဖိတ်ခေါ်ခြင်း ဗွီဒီယိုကို ဖခင်ဖြစ်တဲ့ ခရီစန်စီကို အယ်လ်ဘာရာက မှားယွင်းပြီးတော့ ဆိုရှယ်နက်ဝက်နဲ့ ကမ္ဘာ့အင်တာနက်စာမျက်နှာတွေမှာ ဖိတ်ခေါ်ချပြလိုက်ပြီးနောက်မှာ ဒီလိုမျိုး လူဦးရေပေါင်းများစွာက တက်ရောက်ကြဖြစ်လိမ့်မယ်လို့ အကြောင်းကြားပြန်စာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို မထင်မှတ်ပဲ ဆိုရှယ်ပေါ်တင်လိုက်မိတဲ့ ဗွီဒီယိုကို ဖွင့်ကြည့်တဲ့ လူတွေနဲ့ ရှယ်ကျတဲ့ ကမ္ဘာတစ်လွှားလူပေါင်းများစွာ လူဦးရေ ၁. ၂ သန်းက သူတို့နေရပ်ရှိတဲ့ ရွာငယ်လေး လာဂျိုရာကို မွေးနေ့ပွဲလာ ရောက်ကြဖြစ်မယ်ဆိုတဲ့အကြောင်းကို သိရလို့ အခက်တွေ့နေကာ ဝမ်းနည်းဝမ်းသာရမလိုတောင် ဖြစ်ရပါတယ်။ ဒီလိုမျိုး မှားယွင်းတဲ့ ရယ်မောစရာအလွဲကိုလည်း ကမ္ဘာတစ်လွှားက ဆိုရှယ်အသုံးပြုသူ တွေက ဟာသလုပ်ထားတဲ့ ဖိုတိုရှော့ဖ်ပုံတွေလည်း များစွာ ပြုလုပ် လာကြတာကို တွေ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*