မီးလောင်နေတဲ့တိုက်ခန်းကနေ မိဘတွေကိုကယ်တင်ဖို့ ကိုယ့်ကိုစတေးခဲ့တဲ့ သတင်းကြေငြာသူလေး

ပြီးခဲ့တဲ့ နိုဝင်ဘာလ 7ရက်နေ့ ၊ မနက်ခင်း 4နာရီအချိန်လောက်က Zeng Yingxin အမည်ရှိတဲ့ ဟောင်ကောင် သတင်းကြေညာသူလေးဟာ မီးလောင်ကျွမ်းနေတဲ့တိုက်ခန်းကနေမိဘတွေကို ကယ်တင်ဖို့ကြိုးစားရင်း အသက်သေဆုံးသွားခဲ့ရပါတယ် ။ သူမဟာ အသက် 26နှစ်အရွယ်သာ ရှိသေးပြီး ၊ သူမရဲ့ ချိုသာပြီးလှပလွန်းတဲ့အပြုံးတွေ နဲ့ အကျင့်စာရိတ္တတွေကြောင့် လူသိများကျော်ကြားပြီး TV programတွေ မှာအမြဲလိုလိုပါဝင်ခွင့်ရခဲ့ပါတယ် ။

အခင်းဖြစ်ပွားတဲ့နေ့က သူမတို့နေထိုင်ရာ 9လွှာရှိတိုက်ခန်းအထိ မီးများကူးစက်လာခဲ့၍ အဆိုပါနေရာသို့မီးသတ်သမားများက 5မိနစ်အတွင်း ရောက်ရှိလာခဲ့ကြပေမဲ့ မီးတွေကအတော်လေးကိုအရှိန်ပြင်းနေခဲ့ပါပြီ ။

အစပိုင်းမှာ Zeng ဟာ လွတ်မြောက်နေပြီဆိုပေမဲ့လည်း အိပ်ခန်းထဲမှာရှိနေတဲ့ မိဘတွေကိုအရင်လွတ်မြောက်နိုင်ဖို့ သူမဦးစားပေးကြိုးစားခဲ့ပါတယ် ။ မီးသတ်သမားတွေ သူမတို့ရဲ့တိုက်ခန်းအနားသို့ရောက်ရှိချိန်မှာတော့ သူမရဲ့မိဘများကိုသာ ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။ နောက်တစ်ကြိမ် Zeng ကိုပြန်သွားကယ်ထုတ်ဖို့လုပ်ခဲ့ချိန်မှာတော့ သူမကိုအခန်းထဲမှာ မီးလောင်ကျွမ်းပြီးအသက်မဲ့နေခဲ့တဲ့ ခန္ဓာကိုယ်ကိုသာ တွေ့ရှိခဲ့ပါတယ် ။

ထို့အပြင် သူမရဲ့မိဘများက မီးခိုငွေ့တွေများစွာ ရှုရှိုက်မိပြီး ၊ ပွန့်ပဲ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယုနေခဲ့ကြပေမဲ့လည်း သမီးလိမ္မာလေးကိုဆုံးရှုံးခဲ့ရတဲ့အတွက် အတော်လေးကိုရူးကြုံမရဖြစ်နေပြီး ခံစားနေရလျက်ရှိပါတယ် ။

အဆိုပါ မီလောင်ကျွမ်းမှုဖြစ်စဉ်ကိုတော့ ရဲအရာရှိများက ဆက်လက်စုံစမ်းလျက်ရှိပါတယ် ။ ထို့အပြင် Zeng ဟာ သူမရဲ့ ဂျူ နီယာတွေ ၊ ပြည်သူတွေ အတော်လေးကိုချစ်ခင်အားကျရတဲ့ သူတစ်ယောက်လည်းဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*