ဒိုးနပ်ပိုင်ရှင်ကြီးလင်မယားအတွက်နေ့စဉ်ဒိုးနပ်အများကြီးဝယ်ယူရင်းကူညီနေတဲ့Customer

ကယ်လီဖိုးနီးယားနိုင်ငံ မှာ ဖွင့်လှစ်ထားတဲ့ ဦးလေးကြီးတို့လင်မယားနှစ်ယောက်ကနေစခဲ့တဲ့ဇာတ်လမ်းလို့ဆိုရမှာပါပဲ။ လင်မယားနှစ်ယောက် ဟာ ဒီဆိုင်လေးကို နှစ်လကြာရှည်စွာဖွင့်လှစ်ရောင်းချခဲ့ပြီး ပုံမှန်ဝယ်တဲ့ဖောက်သည်တွေလည်းရနေပြီးသားဖြစ်ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာတော့ ဆိုင်ရှင်ရဲ့ဇနီးဖြစ်သူမိန်းမဟာ အသည်းသန်တွေနေမကောင်းဖြစ်ကာ ရောဂါဖြစ်ပြီးအိပ်ယာထဲလဲခဲ့ပါတယ်။ ဒီတော့ဆိုင်ကို ယောကျ်ားတစ်ယောက်တည်းရောင်းချခဲ့ပြီး ရောင်းကုန်တဲ့အချိန်မှ မိန်းမကိုသွားရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။

ဒါကိုသိလိုက်ရတဲ့ Customer အမျိုးသားတစ်ယောက်ဟာ သူတို့လင်မယားနှစ်ယောက်ရဲ့အဖြစ်ကိုကိုယ်ချင်းစာပြီးနေ့စဉ် ဒိုးနပ်ပေါင်း ဒါဇင်လိုက် ကို ဝယ်ယူအားပေးခဲ့ပါတယ်။သူ့ရဲ့ဝယ်ယူမှုကြောင့်နေ့စဉ်မနက် ၈နာရီကျော်လောက်နဲ့တင် ဒိုးနပ်တွေကုန်သွားလို့ ဆိုင်ပိတ်ပြီး သူ့မိန်းမဆီကို စောစောပြန်နိုင်ခဲ့ပါတယ်။ တကယ်ကို ကူညီလိုစိတ်ပြင်းပြလွန်းတဲ့သူပါပဲ။ ဒီလိုလိုအပ်နေတဲ့အရာတွေမှာ ကူညီတာဟာမွန်မြတ်တဲ့ကူညီခြင်းပါပဲ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*