ရည်းစားနဲ့ချိန်းတွေ့ဖို့quarantine စည်းကမ်းကို ဖျက်ခဲ့တဲ့ကောင်မလေး ထောင်ချခံရ

ကိုဗစ်ကြောင့် နိုင်ငံတိုင်းမှာ သူ့နိုင်ငံ၊ သူ့ဒေသနဲ့သူ ချမှတ်ထားတဲ့ စည်းမျဉ်းတွေရှိနေပါတယ်။ ဥပမာပြောရရင် home stay တို့၊ quarantine တို့၊ lock down တို့လိုမျိုးပေါ့။ ဒီမှာတော့ home stay နဲ့ ညမထွက်ရအမိန့်နဲ့သာ ရှိနေပေမယ့်လို့ တစ်ချို့သော US မြို့တွေမှာဆိုရင် မတ်လကတည်းက quarantine စည်းမျဉ်းချထားခဲ့တာပါ။


ဒါပေမဲ့ Unilad ရဲ့ဖော်ပြချက်အရ ဂျော်ဂျီယာက ကောင်မလေးတစ်ယောက်ကတော့ quarantine စည်းမျဉ်းကို ဖောက်ဖျက်လို့ဆိုပြီးတော့ ထောင်ကျသွားခဲ့ပါတယ်တဲ့။ ဖြစ်ပုံကတော့ ဒီလိုပါ။

အသက် ၁၈ နှစ်အရွယ် Skylar Mack ဟာ ဂျော်ဂျီယာမှာ နေထိုင်ပါတယ်။ သူမရဲ့ ချစ်သူ Vanjae Ramgeet ကတော့ Grand Cayman ကျွန်းမှာ jet ski ပြိုင်ပွဲတစ်ခုကို သွားရောက်ယှဉ်ပြိုင်နေခဲ့တာပါ။ ဒါကို Skylar တစ်ယောက် ဂျော်ဂျီယာကနေပြီးတော့ ချစ်သူရှိနေတဲ့ Grand Cayman ကို လေယာဉ်နဲ့သွားခဲ့ပါတယ်။

လေယာဉ်ဆိုက်ရောက်ပြီးတာနဲ့ ခရီးသည်တွေဟာ ကိုဗစ်စစ်ရမယ်၊ negative ပြလည်းပဲ ၁၄ ရက် quarantine ဝင်ရမယ်ဆိုတဲ့ စည်းမျဉ်းကို Grand Cayman မှာ ချမှတ်ထားခဲ့တာပါ။ ဒါကြောင့် Skylar တစ်ယောက်လည်း ၁၄ ရက် quarantine ဝင်ရမယ့်အထဲ ပါဝင်လို့နေပါတယ်။ Quarantine ဝင်မယ့်လူတွေကို သက်ဆိုင်ရာကျန်းမာရေးဌာနကနေပြီး လက်ပတ်လေးပတ်ပေးထားတဲ့အပြင် ဟိုတယ်ကနေ ထွက်သွားခဲ့သည်ရှိသော် လှမ်းထောက်လှမ်းလို့ရအောင် ဖုန်းထဲမှာလည်း mobile app တစ်ခုကို ထည့်ပေးထားခဲ့တာပါ။


ဒါကို Skylar က သူ့ရည်းစား ပြိုင်ပွဲကိုသွားကြည့်ချင်လို့ဆိုပြီးတော့ ဥပဒေကို ပေါ်တင်ချိုးဖောက်ခဲ့ပါတယ်။ ဟိုတယ်ကနေပြီး ခိုးထွက်၊ ပြိုင်ပွဲလုပ်မယ့် ကမ်းခြေကိုလည်း လက်ပတ်ကိုဖြုတ်ပြီးသွားခဲ့တာပါ။ စုစုပေါင်း အချိန် ၇ နာရီတောင်ကြာမြင့်ပါတယ်တဲ့။

ဒါကိုသက်ဆိုင်ရာက ဖမ်းမိသွားပါတယ်။ Skylar ရဲ့ ဆေးစစ်ချက်အဖြေဟာ negative ထွက်ပေမယ့်လို့ ဒေသကချမှတ်ထားတဲ့ စည်းမျဉ်းကိုဖောက်ဖျက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၄ လချမှတ်ခံရမှာဖြစ်ပါတယ်တဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*