ဝန်ထမ်းတွေကို ဒီလိုအပြစ်ပေးတဲ့ ကုမ္ပဏီမျိုး ရှားမှရှားပါပဲ..(အောကလီဆန်တတ်သူများ မကြည့်ရ …)

ဆိုရှယ်မီဒီယာမှာ အင်တာနက်အသုံးပြုသူများရဲ့ဝေဖန်မှုကို အပြင်းထန်ခံနေရတဲ့ ကုမ္ပဏီကတော့ တရုတ်နိုင်ငံ Guizhou ၊ Tainan မြို့မှာတည်ရှိပြီး အဖြစ်ပျက်တွေက ကြည့်ရှုသူတွေမျက်လုံးထဲမှာ မယုံနိုင်စရာပါပဲ။

ကုမ္ပဏီက သတ်မှတ်ထားတဲ့ sale target ကိုရောက်အောင်မလုပ်နိုင်တဲ့ ဝန်ထမ်းတွေကို ခါးပတ်နဲ့ရိုက်ပြီး အပေါ့တွေကို သောက်ခိုင်းပါတယ်။ အစတည်းက သူတို့ပြောထားတဲ့ target ကိုမလုပ်နိုင်ရင် ဒီလိုအပြစ်ပေးမယ်ဆိုတာကို လက်ခံထားပြီးသားဖြစ်ပါတယ်။ သောက်လည်း သောက်ပြီးရော အောကလီဆန်လွန်းလို့ ဝန်ထမ်းတွေအားလုံး အန်ထွက်ကုန်ပါတယ်။ ဒါတင်မဟုတ်ပဲ အိမ်သာထဲကရေတွေသောက်ခိုင်းတာတို့ ၊ ပိုးဟပ်စားခိုင်းတဲ့ အပြစ်ပေးတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။


ဝန်ထမ်းတွေကလည်း ဒီလိုအပြစ်ပေးတာကို သည်းခံရပါတယ်။ ချက်ချင်း အလုပ်ထွက်လိုက်ရင်လည်း သူတို့အတွက် အခြားအလုပ်တစ်ခုရှာဖို့ အခက်ခဲရှိတာရယ်၊ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးတာကြောင့််ဖြစ်ပါတယ်။ ဒီဗီဒီယို အွန်လိုင်းမှာ ပျံနှံ့သွားပြီးနောက်မှာတော့ ရဲတွေစုံစမ်းစစ်ဆေးပြီး တာဝန်ရှိမန်နေဂျာသုံးယောက်ကို မေးမြန်းနေတယ်လို့ သိရပါတယ်။

ကြည့်ပြီးသူတိုင်း အားလုံးစိတ်တွေတိုရပါတယ်။ ဒီလိုအပြစ်ပေးတဲ့ ကုမ္ပဏီက တာဝန်ရှိလူတွေထောင်ထဲသွားသင့်တယ်လို့လည်း အားလုံးက အပြင်းထန်ဝေဖန်နေကြပါတယ်။ ဒေါသထွက်စရာကောင်းတဲ့ ဗီဒီယိုကို ကြည့်, ကြည့်လိုက်ပါဦး..

Be the first to comment

Leave a Reply

Your email address will not be published.


*