အိမ်သာ ထဲမှာတွေ့တဲ့ဖုန်းနံပါတ်ကအစပြုပြီး ဖူးစာ ဆုံခဲ့သူ၂ယောက်

အိမ်သာ ထဲမှာတွေ့တဲ့ဖုန်းနံပါတ်ကအစပြုပြီး ဖူးစာ ဆုံခဲ့ကြပါတယ်။အသက်၅၁နှစ်အရွယ် Mark Ellis ဟာ အများသုံးအိမ်သာတစ်ခုရဲ့နံရံပေါ်မှာ ရေးထားတဲ့ ဖုန်းနံပါတ်တစ်ခုကိုတွေ့ခဲ့ပြီးMessageတစ်ခုပို့ခဲ့ရာကနေ သူ့ဘဝရဲ့ ကြင်ရာဖက်ကိုရှာတွေ့ခဲ့ပါတယ်။ အိမ်သာထဲမှာ ထိုအမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုရေးခဲ့သူကတောဘ့ ထိုအမျိုးသမီးရဲ့ ရည်စားဟောင်းဖြစ်ပါတယ်။ ကလဲ့စားချေလိုတဲ့စိတ်ကြောင့် “သင် ပျော်ပါးလိုလျှင်ဒီဖုန်းနံပါတ်ကိုခေါ်လိုက်ပါ”ဆိုတဲ့စာသားနဲ့ထိုအမျိုးသမီးရဲ့ ဖုန်နံပါတ်ကို အိမ်သာနံရံမှာရေးခဲ့တာပါ။

ထိုအမျိုးသမီး Donna Robertsက ” ကျွန်မအရင်ရည်းစားကိုကျေးဇူးတင်ပါတယ်။ သူဒီလိုရေးခဲ့လို့ကျွန်မဖူးစာရှင်နဲ့တွေ့ခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။ အနောက် Yorkshireက Garforthမြို့က အိမ်သာတစ်လုံးမှာရေးခဲ့တာလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ပထမဆုံး message ဖြစ်တဲ့ “ဟိုင်း ဘာတွေလုပ်နေလဲ”ဆိုတဲ့စာသားကိုလက်ခံရရှိချိန်မှာ စဉ်းစားရကျပ်သွားခဲ့ကြောင်း သူမက ဝန်ခံခဲ့ပါတယ်။ Mark Ellisကလည်း ဖုန်းသာဆက်၊မက်ဆေ့ချ်သာပို့လုပ်နေတာဖုန်းနံပါတ်ကို ဘယ်ကရကြောင်း မပြောခဲ့ပါဘူး။


ဒီလိုနဲ့နီးစပ်သွားခဲ့ကြပြီးအခုတော့ ၈နှစ်အရွယ်ကလေးတစ်ယောက်နဲ့ ၉ နှစ်အရွယ်ကလေးတစ်ယောက်ပိုင်ဆိုင်ထားပြီးသာယာတဲအိမ်ထောင်လေးကိုပိုင်ဆိုင်နေကြပါတယ်။ကလေးတွေကလည်း အခုအချိန်အထိတော့ မိခင်နဲ့ဖခင်ဘယ်လိုဆုံတွေ့ခဲ့ကြလဲ မသိကြသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*