ခြင် ၊ ယင် ၊ ပိုးဟပ်တွေမလာအောင်အစားအသောက်အပေါ် ခြင်ဆေးဖြန်းနေခဲ့တဲ့ လမ်းဘေးဈေးသည်

ဆိုင်ခန်းခတွေ သက်သာအောင်လို့ လမ်းဘေးတွေမှာ လှည်းတွေ ၊ ကားတွေ ၊ တဲလေးတွေထိုးပြီး အစားအသောက်ရောင်းနေကြတဲ့ ဈေးသည်တွေကို အတော်လေးစိတ်ဆိုးဒေါသထွက်စေတာကတော့ အစားအသောက်တွေအပေါ် ခြင် ၊ ယင်တွေ လာနားတာပါပဲ ။ ဈေးဝယ်တွေကရောက်လာခဲ့လို့ ခြင် ၊ ယင်တွေနားနေတဲ့ အစားအစာတွေဆိုရင် မစားကြတော့လို့ပါပဲ ။ လမ်းဘေးနားဈေးရောင်းရင် ခြင် ၊ ယင် အနည်ငယ်တော့ရှိတယ်ဆိုပေမဲ့လည်း အသက်နိုင်ဆုံး သန့်ရှင်းတဲ့အစားအသောက်တွေကိုချရောင်းရမဲ့အစား တစ်ချို့သူတွေကတော့ အလွယ်နည်းသုံးလေ့ရှိကြပါတယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက လမ်းဘေးဈေးသည်တစ်ယောက်ဟာ FUMAKILLA တံဆိပ်ဖြစ်တဲ့ ပိုးကောင်တွေဖြန်တဲ့ဈေးဗူးကိုသုံးပြီး သူမအစားအသောက်တွေတင်ထားတဲ့စင်တွေအနား ဖြန်းနေခဲ့တဲ့ကို အမှတ်မထင်ဓာတ်ပုံရိုက်မိခဲ့ပြီး Social Media အပေါ်ဝေမျှလိုက်ချိန်မှာတော့ အတော်လေးကိုလူပြောများနေလျက်ရှိပါတယ် ။ ထို့ကြောင့်အချို့သောသူများက ” အစ်မတစ်ယောက်ထဲသေရင် ကိစ္စမရှိဘူး ၊ လူအများကြီးသေမှ ဒုက္ခရောက်နေမယ် ပြသာနာမရှာပါနဲ့ ” ဆိုပြီး ပြစ်တင်ဝေဖန်ရေးသားခဲ့ကြပါတယ် ။

အချို့သောသူများကတော့ အဆိုပါဓာတုဆေးရည်ဟာ အစားအသောက်တွေကိုပိုပြီးညစ်ပတ်စေကြောင်းနှင့် တစ်ချို့မှာတော့ အစားအသောက်တွေတင်ထားတဲ့စင်တွေအနား ပတ်ဖြန်းနေတာကိုကြည့်ခြင်းအားဖြင့် သူ့အစားအသောက်စင်ပေါ်မှာ ပိုးဟပ်တွေပတ်ပြေးနေတာဖြစ်နိုင်ကြောင်းဆိုပြီး မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*