ဆံပင်ပုံစံပျက်မှာကြောက်ပြီး ဆိုင်ကယ်ဦးထုပ်မဆောင်တဲ့အပြင် မီးနီပါဖြတ်မောင်းခဲ့တဲ့ အမျိုးသားရဲ့ အဆုံးသတ် (ရုပ်သံ)

ဆိုင်ကယ်မောင်းတဲ့အချိန် ဆိုင်ကယ်ဦးထုပ်မဆောင်းတာက စည်းကမ်းမလိုက်နာတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် မီးနီကိုဖြတ်မောင်းတာကလည်း စည်းကမ်းချိုးဖောက်တာပါပဲ ။ ထို့ကြောင့် တစ်ချိန်တည်းမှာပဲ ဆိုင်ကယ်ဦးထုပ်လည်းမဆောင်းဘူး ၊ မီးနီလည်းဖြတ်မောင်းမယ်ဆိုရင်တော့ တော်တော်လေးကိုစွန့်စားရာကျနေပြီး ကိုယ်ရဲ့အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရပါတယ် ။

Twitter ပေါ်မှာ ဝေမျှထားခဲ့တဲ့ video တစ်ခုမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ 19ရက်နေ့ ၊ နေ့ခင်း 12 နာရီအချိန်မှာ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်မောင်းနေစဉ် ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အပြင် မီးနီကိုပါဖြတ်မောင်းခဲ့တဲ့အတွက် အရှိန်ပြင်းလွန်းတဲ့ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရပါတယ် ။

Video ရဲ့အစပိုင်းတစ်ခုမှာတော့ မလေးရှားနိုင်ငံရဲ့ ယာဉ်အသွားအလာတွေနဲ့ရှုပ်ထွေးလွန်းတဲ့ လမ်းဆုံကမီးပွိုင့်တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်မောင်းနေရင် မီးနီလို့ မီပွိုင့်အနားမှာ ရပ်နေခဲ့ပါတယ် ။ ထို့နောက် သူ့၏ဆိုင်ကယ် မှန်ကနေဆံပင်ပုံစံကိုအကြိမ်ကြိမ်စစ်ဆေးပြီး အရေးကြီးနေဟန်ဖြင့် တစ်ဦးဦးကိုသွားရောက်တွေ့ဆုံမည့်ပုံရပါတယ် ။ သို့ပေမဲ့ ထိုအချိန်တွင် မီးနီသေးပေမဲ့လည်း ယာဉ်အသွားအလာအနည်းငယ်ရှင်းသွားခဲ့၍ အဆိုပါအမျိုးသားဟာ ဆိုင်ကယ်မောင်းထွက်သွားခဲ့ပါတယ် ။

ထို့နောက် လမ်းတစ်ဖက်အရောက် ဘေးဖက်တွေမကြည့်ပဲမောင်းနှင်နေတုန်း လမ်း၏ဘယ်ဖက်မှ ဆိုင်ကယ်တစ်စီးမှာ အရှိန်ဖြင့်မောင်းနှင်လာတုန်း အရှိန်မထိန်နိုင်ခဲ့၍ တိုက်မိခဲ့ပြီး အခြားဆိုင်ကယ်သမားမှာ လမ်းမှန်ပေမဲ့လည်း အဝေးသို့အရှိန်ဖြင့်လွင့်ထွက်သွားခဲ့ပါတယ် ။ အချိန်အနည်းငယ်ကြာတဲ့အချိန်မထ နိုင်သေးတာကိုကြည့်ခြင်းအားဖြင့် အတော်လေးကိုထိခိုက်ဒဏ်ရာရရှိခဲ့ကြပုံရပါတယ် ။ ထို့ကြောင့်မိမိကိုယ့်ကို ကာကွယ်ပြီးအန္တရာယ်ကင်းနိုင်ဖို့ ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ၊ ယာဉ်စည်းကမ်းလိုက်နာကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*