
ယာဥ်မတော်တဆဖြစ်နေသော ကားနှင့်အတူ ပို့အလန်းဆုံးပေးကာ ဓာတ်ပုံရိုက်ခဲ့သည့် ထိုင်ဝမ်ကမော်ဒယ်မလေး
စက်ပစ္စည်းများသည် သေချာစွာ ကိုင်တွယ်သင့်ပြီး အမြဲသတိရှိကာ မပေါ့ဆသင့်သော အရာပင်ဖြစ်သည်။ယခုတွင် ထိုင်ဝမ်နိုင်ငံ၌ မော်တော်ယာဥ်တစ်စီးသည် မတော်တဆဖြစ်ပွားကာ ကားလမ်းဘေးရှိ ဓာတ်တိုင်းတစ်ခုကို တိုက်မိခဲ့ပါသည်။
မော်တော်ယာဥ်တစ်စီး မတော်တဆဖြစ်ပြီဆိုပါက အခြားသူများသည် ဖြစ်ပွားသူ ထိခိုက်မှုမရှိစေရန် ကူညီနိုင်သမျှ ကြိုးစားကြမည်ဖြစ်ပေသည်။
လူတိုင်းသည်လည်း ကူညီနိုင်ရန် ကြိုးစားဆောင်ရွက်သင့်ပေသည်။ယခုတွင်မူ ထိုင်ဝမ်၌ ယာဥ်မတော်တဆဖြစ်သောအခါ မြို့တွင်းရှိ mediaများရောက်ရှိလာကာ သတင်းတင်ဆက်ရန်အတွက် အလုအယှက်ကြိုးစားနေခဲ့ကြပေသည်။
ထိုအထဲတွင်မူ မော်ဒယ်မလေးတစ်ဦးသည် tv channalတစ်ခုမှ သတင်းတင်ဆက်ရန်အတွက် ကားမတော်တဆ ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် သတင်းတင်ဆက်မှုအား ချက်ချင်းမပြုလုပ်ဘဲ ကင်မရာရိုက်သူအား ဓာတ်ပုံရိုက်ခိုင်းကာ မတော်တဆဖြစ်ထားသော ကားနှင့်အတူ ပို့အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်ခဲ့သည်။
Leave a Reply