အင်တာနက် စွဲနေသူများ ဖြတ်ပေးသည့် စခန်းသို့ ပို့ခံခဲ့ရသူ ၄၈ နာရီအတွင်းသေဆုံး

တရုတ်နိုင်ငံမှာ အင်တာနက်အလွန်အကျွံသုံးစွဲနေသူတွေကို စစ်တပ်ပုံစံ စခန်းသွင်းအွန်လိုင်း ဖြတ်ပေးနေတဲ့ နေရာဆီကို မိဘတွေက ပို့ပေးလိုက်တဲ့ အသက် (၁၈) နှစ် လူငယ်တဦးဟာ နှစ်ရက်အတွင်း သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )

ကိုယ်အတွင်းအပြင်မှာ ဒဏ်ရာဒဏ်ချက် (၂၀)ကျော်နဲ့ သေဆုံးခဲ့လို့ စခန်းတွင်းက တာဝန်ရှိသူဝန်ထမ်းတွေနဲ့ စခန်း ဝင်နေတဲ့သူတွေကို ရဲစခန်းကိုခေါ်ယူစစ်ဆေးနေ ပါတယ်။

မိသားစုဝင်တွေငတော့ ခုလိုဖြစ်ရတာဟာ စခန်းတွင်းမှာ ကြမ်းတမ်းတဲ့ နည်းတွေ နဲ့ ကိုင်တွယ်နေတာငြောာင့် ဖြစ်ရတာ လို့ ပြောဆိုနေပါတယ်။

တရုတ်နိုင်ငံမှာ အင်တာနက်သုံးသူ သန်း၇၀၀ ကျော်ရှိနေပြီးအများစုဟာ အသက်၁၀ နှစ်နဲ့ ၁၉ နှစ်ကြားလူငယ်တွေကြား အွန်လိုင်း ကိုတချိန်လုံး သုံးနေကြတာလို့ဆိုပါတယ်။

 

ခုဖြစ်ရပ်ကြောင့် အွန်လိုင်းဖြတ် စခန်းကို ပို့ထားတဲ့ လူငယ်တွေရဲ့ မိဘတွေ အားလုံး သူတို့ရဲ့ သားသမီးတွေအ တွက် အလွန်စိုးရိမ်နေကြပြီး စခန်းကိုအမြန်ဆုံး ပိတ်ပေးပါလို့ တောင်းဆိုနေကြကြောင့် သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*