အိပ်ရမည့် အလုပ် အတွက် တရုတ် ကုမ္ပဏီ ယွန် ၁ သိန်းပေးပြီး ဝန်ထမ်းခန့်မည်

ရှန်ဟိုင်း ကုမ္ပဏီ တခုက တနှစ် ကို တရုတ်ငွေ ၁ သိန်းပေးမယ့် (အမေရိကန်ဒေါ်လာ ၁ သောင်း ၄ ထောင် ၅ ရာကျော်) “အိပ်ရမှာကို သက်မွေးဝမ်းကျောင်းအလုပ်” အဖြစ် တကယ်လုပ်နိုင်မယ့် ဝန်ထမ်း တွေကို အလုပ်ခန့်မယ်လို့ ရှန်ဟိုင်း ရစ်ထ်အင်တာနက် သတင်း စာမျက်နှာ မှာ ရေးသားထားပါတယ်။

ဒီ အလုပ် က ပုံမှန် အလုပ် လုပ်စရာမလိုပဲ အနားယူနိုင်ပြီး စိတ်ဖိစီးမှုနည်းတဲ့ အလုပ်ဖြစ်မယ်၊ ခဏတာ ပေါ့ပေါ့ပါးပါးအိပ်စက်နိုင်မယ်၊ သင် ကံကောင်းနေမယ့် အလုပ် မျိုးလို့ ညွှန်းထားပါတယ်။


ဘေးဂျင်းမောနင်း ပို့စ်သတင်းအရ အလုပ်ရှင်က ဓာတ်စာဖြည့်စွက်ကုန် ထုတ်လုပ်သူဖြစ်ပြီး သူလိုချင်တာက လူတွေက သူ့ထုတ်ကုန်တွေကို သုံးစွဲပြီး အိပ်ရမယ်၊ ပြီးရင် အဲဒီအတွေ့အကြုံတွေကို အစီရင်ခံစာ ရေးရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စက ပြောတာထက်တော့ နည်းနည်းရှုပ်ထွေးပါတယ်၊ ဘာကြောင့်လဲဆိုတော့ အလုပ်ပေါင်းစုံရဲ့ အချိန်ဇယားတွေကို ထင်ဟပ်စေဖို့ မတူညီတဲ့ အိပ်ချိန်ဇယားတွေမှာ သင့်ကို အိပ်ခိုင်းမှာပါလို့ ဆိုပါတယ်။

အလုပ် လုပ်မယ့် သူရဲ့ အဓိက အရည်အသွေးက အိပ်ရတာကို နှစ်သက်ဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝှမ် းမှာ ဒီလို အိပ်ရတာကို သက်မွေးဝမ်းကျောင်းအဖြစ် လုပ်ရတဲ့ အလုပ်အကိုင် တွေ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် က ကုမ္ပဏီ တွေနဲ့ သုတေသီ တွေက ဘာကြောင့် အမေရိကန်လူမျိုး သုံးပုံတပုံက လုံလောက်အောင် မအိပ်စက်ကြသလဲဆိုတာကို ရှာဖွေဖို့ အိပ်ရမယ့်အလုပ် လုပ်သူတွေကို လစာ အမေရိကန် ၃ သိန်းထက်ပိုတဲ့ ငွေကြေးတွေ ပေးနေတာကို သိတဲ့ အလုပ်အကိုင် အကြံပြုသူတဦးနဲ့ ဘေဂျင်းမောနင်းပို့စ်က ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံမှာ လူတွေက ကျန်းမာရေးအတွက် စိုးရိမ်လာကြလို့ မကြာခင်မှာ အိပ်ရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ် လုပ်မဲ့သူတွေ ပိုပိုပြီး များပြားလာနိုင်တယ်လို့ သတင်းက ခန့်မှန်းထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*