
အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ Uber တက္ကစီ ကို စီးနင်းသူ ခရီးသည် ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက် ဟာ တက္ကစီ မောင်းသူ ထံမှ ငွေခိုးယူခဲ့ ကြောင်း ဗီဒီယို ကင်မရာမှတစ်ဆင့် ဖော်ထုတ်တွေ့ရှိခဲ့ရပါတယ်။ သူမ ရဲ့ နာမည်က တော့ Gabrielle Canales ပါ။ သူမ ဟာ သူမရဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ အတူ Uber တက္ကစီ ကို စီးနင်းခဲ့ပါတယ်။ သူမ ဟာ ဗီဒီယို ကင်မရာနဲ့ စောင့်ကြည့်နေတယ်ဆိုတာ ကို သတိမထားမိဘဲ တက္ကစီ မောင်းနှင်သူ ရဲ့ ငွေထားရာ ပုံးလေးထံမှ ငွေတွေကို နှိုက်ယူခဲ့ပါတယ်။
သူမ ဟာ သွားလိုရာ ခရီးကို ရောက်ရှိ လို့ တက္ကစီ ပေါ်မှ ဆင်းခါနီးမှာ အဲ့ဒီ့ ငွေထားရာ ပုံးလေးထံမှ ငွေတွေကို နှိုက်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အစပထမ တော့ ငွေခိုးယူဖို့ စက္ကန့်ပိုင်းလောက် ပြန်လည်စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့်နောက်ဆုံးမှာ တော့ အဲ့ဒီ့ ငွေထားရာ ပုံးလေးထံမှ လက်တစုပ်စာ ငွေတွေကို နှိုက်ယူသွားခဲ့ပါတယ်။ သူမ ခိုးယူသွားခဲ့ ပုံကို ကားကင်မရာ မှ မိမိရရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
သူမ ကို Uber တက္ကစီ ကုမ္ပဏီ မှ အရေးယူတဲ့ အနေနဲ့ Uber application ကို အသုံးပြုခွင့်ပိတ်ပင်ခဲ့ပါတယ်။ တက္ကစီ မောင်းနှင်သူ က Uber တက္ကစီ ကုမ္ပဏီကို ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကတော့ သူ့ကို ရဲထံတိုင်ကြားဖို့ တိုက်တွန်းခဲ့ပါတယ်။
ခိုးယူခဲ့သူ ခရီးသည် ဆယ်ကျော်သက် အမျိုးသမီးကတော့ သူမ အနေနဲ့ ငါးဒေါ်လာသာ ခိုးယူခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပြန်လည် ပြောကြားခဲ့ပါတယ်။ သူမ အနေနဲ့ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။
Leave a Reply