မြေကြမ်း ၊ပယောဂ၊ဘီလူး၊မြေဘုတ် ခြောက်လှန့်ခြင်း အပါအဝင်များစွာဆေးဖက်ဝင်သော ဘုမ္မိရာဇာအစွမ်း

ဒီ ဘုမ္မရာဇာကသိပ်အစွမ်းကြီးပါတယ် သိစေချင်ပါတယ်#သူတို့ဒေသ အားကိုးစရာဆေးအဆောင်
#(ဘုမ္မရာဇာ) ယုံပါလျှင်ဆောင်
=======
ဘုမ္မရာဇာကို တိုင်းရင်းဆေးနှင့်မကင်းသူတိုင်း သိကြ၏ဆေးကျမ်းကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ကြီးလှစွာဖေါ်ပြကြသည်။စိတ်ဝင်စားဖွယ်ဖြစ်ရဆုံး ဆေးမြစ်လည်းဖြစ်သည်။
သူတို့ဒေသ ချင်းတွင်းမြစ်နဘေးရွာလေးများကို ဆိုချင်ပါသည်။ တိတိပပဆိုရသော ကလေးဝ မင်းကင်းနှင့်မော်လိုက်မြို့နယ်တွင်းရှိ အချို့ရွာများဖြစ်၏။ ထိုသူတို့ တောတောင်တို့ဖြင့် အသက်မွေးဝမ်းပြုကြသည်။ သစ်ခုတ်ဝါးခုတ် မုဆိုးလိုက် အခင်းစိုက်(ယာ)စသည်ဖြင့် တောနှင့်ပတ်သက်သော အလုပ်များသာ။

တောတက်သူများ တောပေါ်တောင်ပေါ်အလုပ်အကိုင် လုပ်ရန်သွားရောက်နေထိုင်သူများကို တောတက်သည်ဟုဆိုသည်။တောတက်သူတိုင်း ဘုမ္မရာဇာမြစ်ကို ပါအောင်ယူဆောင်ကြသည်။

(1)တောတောင်ထဲ အဆိပ်ရှိတိရစ္ဆာန်များ ထိုးကိုက်က ဘုမ္မရာဇာကိုရအောင်သွေးပြီးတိုက် ရအောင်လူး အသက်မသေရန်အာမခံသည်
ဆိုသည်။အထူးသဖြင့်အဆိပ်ပြင်းသောမြွေဆိပ်ကိုနိုင်၏

(2)အဖျားတက်မလား ဘုမ္မရာဇာသွေးပြီးသောက်ကပျောက်သည်။

(3)တောတောင်ထဲ တောခြောက်တောမှောက် ဘုမ္မရာဇာပါလျှင်ဘယ်သောအခါမှ အခြောက်မခံရ။

(4) မျက်စိနာဦးမလား။အမြစ်သွေးပြီးသာကွင်း စိတ်ချရသည်ဆိုသည်

(5) သွေးတိုးလည်း အမြစ်ကိုသွေးပြီးသာသောက် သွေးတိုးကျ သည်သာ။

(6) ကလေးများလည်တွင်ဆွဲပေးကြသည်။ သန်ကောင်မထ ပယောဂမကပ်ဟု အတိအကျဆိုပြန်သည်။

ထိုသူတို့နေသောရွာလေးများတွင် ဝန်ထမ်းဘဝရောက်ရှိစဉ်ပိုးထသောဖြစ်ရပ်ဖြင့်ကြုံဖူးသည်။တောတက်သူ မောင်ထွေးပိုးထိ၍ဆုံးသည်။ တစ်ရွာလုံး တောက်ခေါက်ခေါက်ဖြင့်အဆောင်ဆေးမပါသွား၍ဖြစ်သည်ဟုဆိုလေသည်။တောတက်သူတိုင်း ကိုသွားခါနီးသတိပေးစကားက “အဆောင်ဆေးပါရဲ့လား “ထိုစကားသာဖြစ်သည်။

စိတ်ဝင်စားစွာ လေ့လာမိသောဘုမ္မရာဇာ
======================
ဘာသာပြန်ပါလျှင် ဘုမ္မိ(မြေ)နှင့်ရာဇာ(ဘုရင်)မြေဘုရင်ဟုအဓိပ္ပါယ် ရပါသည်။စိတ်ဝင်စားဖွယ် ဆေးစွမ်းကြီးရုံမျှမက ဂမ္ဘီရဆန်သော စွမ်းရည်တို့ လည်းရှိပါသည်။

ဘုမ္မရာဇာကို ရုက္ခဗေဒအမည်မှာ (Rauwolifia serpentine benth) ဖြစ်သည်။ အပွင့်သည်ခရမ်း၊ဖြူ၊နီရောင်ဖြစ်သည်။ အ နက်ရောင်လည်းရှိသည်။စားတော်ပဲလုံးခန့်ရှိပြီးအရောင်နီသည်။

ဘုမ္မိရာဇာဟုခေါ်ခြင်း
==============
ဘုမ္မိ-မြေတွင်ပေါက်သောပရဆေးတကာတို့ထက်ဂုဏ် သတ္တိအကျိုးထူး ကို ပေးနိုင်သောကြောင့်…ရာဇာ-မင်းကဲ့သို့ ဖြစ်သောအပင် (မြေပေါက်သစ်ပင်တကာတို့ ၏မင်း)ဟုဆိုသည်။မင်သည်လူဆိုး၊လူမိုက်တို့ကို နှိမ်နင်းအောင်မြင်သကဲ့သို့ မြေတွင် ရှိသော ပယောဂ၊ဘီလူး၊မြေဘုတ်အားလုံးကို အောင်မြင် နှိမ်နင်း နိုင်လေသည်။

ရှင်နာဂသိန်ကျမ်းအလိုအရ
===================
ရာဇာ=(မင်းနှင့်တူသောအပင်) မြွေဆိုးနိုင်သစ်ပင်ဘုမ္မိ-ပထဝီရုပ်ဓာတ်လွန်၍ ဖြစ်သော ရောဂါဝေဒနာတို့နှင့် မြေဆွဲ မြေကိုင် ရောဂါဝေဒနာတို့ကိုအောင်နိုင်သောကြောင့်ဟု လည်းဆို သည်။

တစ်နည်းတင်ပြပုံ
============
မြေတွင် နေသောသက်ရှိမြွေစသည်တို့၏ အဆိပ်မျိုးဟူသမျှနှင့် စိန်စသောသယံဇာတတို့မှဖြစ်သည့်ထာဝရအဆိပ်ကို စားသုံးမိ၍ အဆိပ်ဖြစ်ပါက ရောဂါဝေဒနာတို့ကို ဖြိုးခွင်းအောင်မြင်နိုင်သော ကြောင့်။
ရာဇာကြီး(၄)ပါးရှိသည်

(က) ဘုမ္မရာဇာ

(၂)ဧကရာဇာ

(၃)သီဟရာဇာ

(၄)ရာဇဝံသတို့ဖြစ်သည်။

ရှေးပညာကြီးသူ ဆေးဆရာမြတ်တို့ အသုံးပြုပုံ အထောက်အထား တစ်ခုမှာ

“̏ဘုမ္မရာဇာ၊ဧကရာဇ်နှင့် ရာဇဝင်မြစ် ၎င်းသုံးဖြာပေါင်းကြိတ်ခါ အရိပ်မှာလှန်း၊ဆောင်မြန်းကြပါသွေးတက်နာ ဖြစ်လာသည့်ဆိပ်မျိုးနတ်ရေစင် ပမာစွမ်းတယ်၊ မြိုင်တန်းကတန်းခိုး.̋.။ဟုဖြစ်သည်။

ဘုမ္မရာဇာပင်ရွေးချယ်ခြင်း

=================
ဘုမ္မရာဇာပင်သည် ကြီးပင်ပေါက်စနှင့်လည်းတူ၏။ကြက်မအုပ်ပင်နှင့်လည်းတူ၏။ရောင်းချသူသည် တိလင်္ကပင်နှင့်လည်း မြစ်ဥများကို ရောနှောထား တတ်သည်။ခါးခြင်းလည်းတူပြန်သည်။

ဘုမ္မရာဇာမှာ ဆတ်၍ကျိုးတတ်ပြီး အတွင်းသားအရစ်ရစ် အထပ် ထပ် အနေအထား တွေ့ရသည်။ဆေးအဖြစ်သုံးစွဲမည် ဘုမ္မရာဇာသည် သြဇာဓာတ်ပြည့်ဝခြင်း၊ တုတ်ခိုင်ကြီးထွားခြင်း၊အရောင်အသွေး ပြည့်စုံရန်လိုလေသည်။ နှစ်နုနှင့်သက်ကြီးမဖြစ်ရန်လိုသည်။

အသွင်သဏ္ဍာန်

မျိုးစိတ်ပေါင်း(၇)စိတ်ရှိသည်။နှစ်ရှည်ခံပင်ငယ်မျိုးဖြစ်သည်။အ ရေးအပါဆုံးမျိုးမှာ (Ranwolfia serpentine Bent)ဖြစ်သည်။ အမြင့်ပေ(၁)ပေခွဲမှ(၂) ပေထိဖြစ်သည်။ အပွင့်မှာပန်းခိုင် ထိပ်စုပြုံပြီး အနီရောင်၊ပန်းရောင်နှင့်အဖြူရောင်တို့ ပွင့်သည်။စား တော်ပဲလုံးမျှရှိပြီး ရင့်လျှင် အစိမ်းရောင်မှအနီရောင်သို့ပြောင်း သွား သည်။

ပေါက်ရောက်ခြင်း

ပူအိုက်စွတ်စိုသော မိုးရေချိန်လက်မ(၈၀)မှ(၁၂၀) ကျော်ခန့်ရှိ သော ဒေသများတွင်ပေါက်ရောက်သည်။
မြန်မာဆေးကျမ်းများမှပြသောအာနိသင်အမြစ်သည်ဖန်၊ စပ်၊ခါးအရသာရှိသည်။ ပူသောသတ္တိရှိသည် ။ဝမ်းမီးကို တောက်စေကာ လေကိုသက်စေသည်။နှုတ်ကိုမြိန်စေသည်။ အကြောသေ၊အကြောလှုပ်ခြင်းကို ပျောက်ကင်းစေသည်။ ဆီးအိမ်တွင်ဖြစ်သော ညောင်းကျနာ၊ရိဖြူရိနီ ဆင်းမှုနှင့်သုက်ဆီးလွန်သောရောဂါကိုနိုင် သည်။ သွေးတိုး၊သွေးနိမ့်၊သွေးမြင့်သောရောဂါများ၊ကာလသားရောဂါနှင့်နှလုံ တုန်ရင်ခုန်သောရောဂါတို့ကို ပျောက်သည်။ ပန်သေ၊ပန်ညှိုး၊ သုက်ခမ်းသောရောဂါတို့ကိုနိုင်သည်။

အသုံးပြုပုံ

(က)အမြစ်သည် သွေးတိုးကျဆေးအဖြစ်ထင်ရှားသည်။စိုးရိမ်ကြောင့်ကြခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါရှိသည့်လူငယ်များနှင့် သင့်တော်သည်။

(ခ) အမြစ်ကို အားတိုးဆေး၊အိပ်ဆေး၊အဆိပ်ဖြေဆေး နှင့် အဖျား ဖြတ်ဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

(ဂ) စိတ်ကြွခြင်း၊ ရန်ပြုလိုခြင်း ၊စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း ဖြစ် တတ်သောစိတ်ဝေဒနာရှင်တို့အတွင် စိတ်ငြိမ်ဆေးအဖြစ်အသုံးပြု သည်။

(ဃ) ဘုမ္မရာဇာ၊ ရှိန်းခို၊ဣသရမူလီ၊ဆေးဒန်းတို့ကို အမှုန့်ပြု၍ ရောစပ်ကာ ကလေးငယ်များ အသားအရေအေး၍ တက်ခြင်း၊ ပူ၍တက်ခြင်း၊ အညှော်မိခြင်း၊ ချွဲကြပ်ခြင်း၊ လေပူကြပ် ခြင်းတို့ဖြစ်ပါက ခြေဖဝါး၊လက်ဖဝါးတို့အားချန်ကာ တစ်ကိုယ်လုံး လိမ်းပေးရသည်။ ယင်းဆေးမှုန့်ကို ကွမ်းရွက်ဖြင့်ရောချေကာအနံ့ ရှူပေးရသည်။ လက်ကိုအပူကင်၍ ရင်ကိုသပ်ချခြင်း ပျောက်ကင်း နိုင်သည်။

(င) လတ်ဆတ်သောအရွက်၏ အရည်ကိုမျက်စိဆေးအဖြစ် ဖေါ် စပ်အသုံးပြုသည်။

(စ) ဘုမ္မရာဇာဆေးစားသုံးပြီးနောက် ပွင့်သောအစာကိုစားရ သည်။ရေမှန်မှန်ချိုးရသည်။ဘုမ္မရာဇာဆေးအသုံးတို့မှာ များစွာနက်နဲကျယ်ပြန့် လှပါသည်။ သိမီသမျှ ဗဟုသုတသာဖြစ်ပါသည်။

ကျမ်းကိုး

အရှင်နာဂသိန်ကျမ်း/မြန်မာ့ဆေးဝါးပင်များ

အစာအိမ်ဆေး

ဘုမ္မရာဇာ=ပျားရည်=ဆင်တုံးမနွယ်=မြင်းခွာရွက်

ဘုရင်ဆင်စီးမြင်းရံ******အစာခံလို့မှတ်တယ်

ဘုမ္မရာဇာပင်သက်တမ်း၃နှစ်မှ၄နှစ်ရှိသောအပင်မြစ်သည် အယ်ကာရွိုက်က်ပါဝင်မှု ဝ.၈%ထက်မနည်းပါရှိသည်။

ထိုအယ်ကရွိုက်သည် သွေးတိုးကိုကျစေပြီး စိတ်ကိုငြိမ်စေသည်ဟုဆိုသည်။

ဟုတွေ့ရှိကြ၍ ဘုမ္မရာဇာကိုဆေးဝါးများဖေါ်စပ်ရာတွင်ကပိုမိုထည့်သွင်းသုံးစွဲလာကြသည်။

ယခုတိုင်အချို့ဒေသများတွင် ဘုမ္မရာဇာမြစ်ကိုကလေး လည်တွင်ဆွဲပေးကြသည်။ ကလေးများအားပယောဂမဝင်ရောက်ရန်နှင့်ရောဂါဘယကင်းဝေးစေသည်ဟုယုံကြည်ခြင်းရှိကြသည်။လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ

 

Be the first to comment

Leave a Reply

Your email address will not be published.


*