အိမ်စာကို လုံးဝနားမလည်တဲ့ သားဖြစ်သူကြောင့် နှလုံးဖောက်ကာ အသက်သေဆုံးတော့မဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့ မိခင်

ကိုယ်တွေငယ်ငယ်တုန်းကလို အိမ်စာပြီးအောင် သေသေချာချာမလုပ်ရင် မိဘတွေရဲ့ဆူပူမှုတွေကိုအမြဲခံခဲ့ရသလိုပါပဲ ။ သို့ပေမဲ့လည်း ကိုယ့်ရဲ့အိမ်စာတွက်ချက်နည်းတွေကို သင်ပြပေးရလို့ မိဘတွေနှလုံးဖောက်ပြီး အသက်အန္တရာယ်ရောက်လောက်တဲ့အဖြစ်မျိုးထိ ဖြစ်ပျက်ခဲ့တာကိုတော့ မမြင်ဖူးပါဘူး ။

ဒါပေမဲ့ တရုတ်နိုင်ငံ Hubei ပြည်နယ်မှာရှိတဲ့ အသက်36နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့သားဖြစ်သူရဲ့အိမ်စာကို ကူလုပ်ပေးရင်း နှလုံးဖောက်ကာ အသက်သေဆုံးတော့မည့်အခြေအနေမျိုးနဲ့ကြုံခဲ့ရပါတယ် ။ Wang အမည်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ တတိယတန်းအရွယ်သားရဲ့ပညာရေးကိုအမြဲလိုလိုပါဝင်ကူညီစောင့်ကြည့်ပေးပြီး သားဖြစ်သူရဲ့အိမ်စာကိုလည်း ညတိုင်း တွက်ချက်သင်ပြပေးလေ့ရှိပါတယ် ။

သို့ပေမဲ့လည်း တစ်ညမှာတော့ သူမရဲ့သားဖြစ်သူဟာ သင်္ချာပုစ္ဆာကိုလုံးဝမတွက်ချက်တတ်တဲ့အတွက် သူမကိုအတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားစေခဲ့ပါတယ် ။ ” ကျွန်မ သူ့ကိုအကြိမ်ပေါင်းများစွာ ရှင်းပြတယ် ၊ ဒါပေမဲ့ သူကအဆုံးထိ အဖြေမှန်မထွက်လာခဲ့ဘူး ၊ ကျွန်မစပြီး စိတ်တိုလာခဲ့ပြီး နောက်ဆုံးမှာတော့ လုံးဝပေါက်ကွဲသွားခဲ့ပါတယ် ။ ရုတ်တရက် ကျွန်မပျာယာခတ်သွားခဲ့ပြီး အသက်မရှုနိုင်တော့လောက်တဲ့အထိ ဖြစ်သွားခဲ့ရပါတယ် ။ အဲတာနဲ့ ကျွန်မယောင်္ကျားကိုမြန်မြန်ဆေးရုံခေါ်သွားပေးဖို့ ပြောခဲ့ရတယ် ” ဆိုပြီး သူမရဲ့အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။

Ms.Wang ကိုကုသပေးခဲ့တဲ့ ဆရာဝန်ရဲ့ပြောဆိုချက်အရ သူမရဲ့စိတ်လှုပ်ရှားမှုတွေဟာ အတော်လေးလွန်ကဲသွားခဲ့လို့ ယခုကဲ့သို့ နှလုံးဖောက်တဲ့အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ချက်ချင်းကုသမှုမျိုးမပြုလုပ်ပါက အသက်သေဆုံးရနိုင်ကြောင်း ရှင်းပြခဲ့ပါတယ် ။ ” ဒီလို အဖြစ်မျိုးက ငယ်ရွယ်သေးတဲ့ မိဘတွေမှာ အဖြစ်များလေ့ရှိတယ် ၊ ကျန်းမာရေ မညီညွတ်တာတွေ အဲ့လိုတွေနဲ့မဆိုင်ပဲ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ဖြစ်ပျက်ခဲ့တာပါ ၊

ဒီလိုလူနာအများစုကတော့ ငယ်ရွယ်သေးတဲ့မိခင်တွေပါပဲ ” ဆိုပြီး ပြောပြခဲ့ပါသေးတယ် ။ ထို့ကြောင့်မိခင်တွေဟာ သားသမီးတွေရဲ့ပညာရေးတွေနဲ့ပက်သက်လာရင် ပိုပြီးပါဝင်ကူညီလေ့ရှိတဲ့အပြင် ၊ သားသမီးရဲ့အခြေအနေကိုသိရှိပြီး နောင်လာနောင်ရေးတွေအတွက် စိုးရိမ်ပူပန်လွန်းလို့ ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Wang မှာ ယခုအချိန်ထိဆေးရုံပေါ်တွင် ဆေးကုသမှုခံယူနေသေးလျက်ရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*