လက်ထပ်ပြီး အနှစ် ၈၀ ကြာမှ ကိုယ့်ဇနီးနှင့် ပထမဆုံးအကြိမ် မင်္ဂလာဆောင် ပုံရိုက်ရသည့်အတွက် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ အဖိုးအို

တရုတ်နိုင်ငံတွင် စုန်ရှင်လင်း နှင့် Anhui ပြည်နယ်တွင်နေထိုင်သူ သူ့ဇနီး ချိူင်နာတို့ လင်မယားဟာ လက်ထပ်ပြီး နှစ်ပေါင်း ၈၀ ကြာခဲ့ပြီဖြစ်သော်လည်း အမှတ်ရစေမဲ့ လက်ထပ်မင်္ဂလာဆောင် ဓာတ်ပုံတစ်ပုံတောင် မရိုက်ခဲ့ဘူးဖူးဖြစ်နေတယ်လို့ သိရသည်။

ဒီအသက် ၈၀ စုံတွဲဟာ အိုမင်းခြင်းကြောင့် အခက်အခဲရှိသော်လည်း နေ့စဉ်မနက်တိုင်း ပုံမှန်လမ်းလျှောက်ထွက်ကြပါတယ်။ နေ့တိုင်းနံနက်လမ်းလျှောက်ထွက်ပြီး မကြာမီတစ်ချိန်ချိန်မှာ လမ်းလျှောက်ရပ်ဖို့ သူတို့မှာ ရည်ရွယ်ချက်မရှိပါဘူး။

သူတို့နှစ်ဦးရဲ့ ဆယ်စုနှစ်များစွာ ခိုင်မြဲစွာ တွဲဖက်မှုတွေအပေါ် လူအများက အားကျခဲ့ပါသော်လည်း ရှင်လင်းကတော့ သူအနေနဲ့နောင်တရခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး၊ သူနဲ့သူ့မိန်းမ လက်ထပ်ထားတဲ့ ဓာတ်ပုံ မရိုက်ခဲ့တာပါဘဲ။

သူတို့လက်ထပ်တဲ့အချိန်တုန်းက မင်္ဂလာဆောင်ဓာတ်ပုံ လှလှလေးရိုက်နိုင်ဖို့တောင် ရှင်လင်းအနေဖြင့် ငွေကြေးမတတ်နိုင်ခဲ့ရှာပါဘူး။ သူ့ရဲ့ဒီလိုမျိူးအခြေအနေကြောင့် ဟင်းသီးဟင်းရွက် သုံးမျိူးဖြင့်သာ ပရိသတ်တွေကို ဧည့်ခံနိုင်ခဲ့ပါတယ်။

သူတို့စုံတွဲရဲ့အကြောင်းကို ကြားသိလိုက်ရပြီးနောက်ပိုင်းဒေသခံများနှင့် အိမ်နီးနားချင်းများမှ ပူးပေါင်းပြီး ရှင်လင်း၏အိပ်မက်စိတ်ကူးယာဉ်တွေ အမှန်တစ်ကယ်ဖြစ်မြောက်စေဖို့ လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

အသက် ၁၀၃ နှစ်ရှိပြီဖြစ်သော ၎င်းအဖိုးအိုမှ သူ့ရဲ့ဇနီးမှ ဖြူဖွေးလှပသောသတို့သမီးဝတ်စုံ ဝတ်နေတာကို သူစတွေ့တဲ့အချိန်မှာ မျက်ရည်ကျတာကလွှဲပြီး သူဘာမှမတတ်နိုင်ခဲ့ပါဘူး။

အချိန်အနည်းငယ်ကြာ မျက်ရည်များနှင့်ယူကြူံးမရဖြစ်တဲ့နောက် သဲသဲကွဲကွဲမကြားလိုက်ရတဲ့အသံနှင့် အခုလိုပြောလိုက်ပါတယ်။ “ ဒီနှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် သူမကိုငါပို၍ ပိုင်ဆိုင်ခဲ့တယ်။ နှစ်တွေဘယ်လောက်ကြာညောင်းခဲ့ပါစေ၊ မင်းရဲ့ပါးပြင်တွေပေါ် အတွန့်တွေ အကွေ့အကောက်တွေ ဘယ်လောက်များများ ရှိပါစေ၊ မင်းရဲ့လက်တွေကို ငါမြဲမြဲဆုတ်ကိုင်ထားပြီး အသက်ထပ်ဆုံးသည့်တိုင်အောင် ဆက်ပြီးအတူတူလမ်းလျှောက်ကြရအောင်နော်”

Be the first to comment

Leave a Reply

Your email address will not be published.


*