မိန်းကလေးအချင်းချင်းဆိုပေမဲ့ အလှည့်ကျော်လို့ဆိုပြီး မှတ်လောက်သားလောက်အောင်း ရိုက်နှက်ဆုံးမပစ်ခဲ့တဲ့အမျိုးသမီး(ရုပ်သံ)

မကြာသေးခင်ကမှ တရုတ်နိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ ကော်ဖီမှာသောက်နေတုန်း အလှည့်ကျတန်းစီပြီးစောင့်ရမှာကိုမေ့ပြီး ခပ်တည်တည်ဖြင့်အလှည့်ကျော်ခဲ့သောကြောင့် သူမတစ်ဘဝလုံးမှတ်သားရလောက်တဲ့နည်းလမ်းမျိုးနဲ့ အပြစ်ပေးဆုံးမခြင်းမျိုးခံခဲ့ရပါတယ် ။

သို့ပေမဲ့လည်း အလှည့်ကျော်ခံခဲ့ရတဲ့အမျိုးသမီးက စကားဖြင့်ပြောဆိုပြီး ဖြေရှင်းခြင်းမျိုးမပြုလုပ်ပဲ သူမရဲ့လုပ်ထုံးလုပ်နည်းပုံစံမျိုးဖြင့်သာ ပြသာနာကိုဖြေရှင်းခဲ့ပါတော့တယ် ။ အဲတာကတော့ အလှည့်ကျော်ခဲ့တဲ့အမျိုးသမီးကို မှတ်လောက်သားလောက်အောင် မိနစ်ဝက် ဆိုင်မှာရှိနေတဲ့ပစ္စည်းတွေနဲ့ရိုက်နှက်ခဲ့တဲ့အပြင် ထိုးကြိတ်ကန်ကျောက်ပစ်ခဲ့လို့ပါပဲ ။

Facebook စာမျက်နှာကနေ ဝေမျှပြီးမကြာခင်မှာပဲ အဆိုပါ video ဟာ ကြည့်ရှုသူအများအပြားရရှိခဲ့တဲ့အပြင် ၊ ပြန်လည်ဝေမျှသူမှာလည်း များစွာရှိခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို တွေ့ရှိခဲ့ကြသူများကတော့ အခြားသူတွေကိုကျော်ပြီး ကိုယ့်အတွက်သာကိုယ်ကြည့်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့သူများကို ယခုကဲ့သို့ ပညာပေးသင့်ကြောင်း ထောက်ခံအားပေးခဲ့ကြပါတယ် ။

ထို့အပြင် ဆိုင်ဝန်ထမ်းမှာလည်း အရင်ရောက်ရှိသူကို ဦးစားမပေးဘဲ ၊ အလှည့်ကျော်သည့်သူကို ဦးစားပေးခဲ့သောကြောင့် ၎င်းပြသာနာတွင် တစ်စိတ်တပိုင်းပါဝင်သူအဖြစ် အပြစ်တင်ပြောဆိုခံနေရကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း ယခုကဲ့သို့ရိုက်နှက်ပြီးဆုံးမပစ်ခဲ့တဲ့လုပ်ရပ်က လိုတာထက်ပိုနေပြီလို့ပြောလို့ရပေမဲ့လည်း ၊ ကိုယ်သာဆိုရင်တော့ ဘယ်လိုပုံစံနဲ့ဆုံးမ မလဲ ၊ ဒီထက်တောင်ဆိုးနေအုံးမလား ဆိုတာပြောလို့မရဘူးလေနော် ။

Be the first to comment

Leave a Reply

Your email address will not be published.


*