တီဗီကြည့်နေတုန်း အကြောဆန့်လိုက်ရာမှ ရုတ်တရက် လေဖြတ်သွားတဲ့ သတိပြုဖွယ် သတင်းတစ်ပုဒ်…

လေဖြတ်ရောဂါဆိုတာ လူတော်တော်များများမှာ အတွေ့များတဲ့ ရောဂါဖြစ်ပါတယ်။ ၁၉၉၀ ဝန်းကျင်က သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ အသက် ၅၅ နှစ်အောက် လူတွေရဲ့ ၁၃% ဟာ လေဖြတ်ရောဂါကို ခံစားရတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ နှစ်စဉ်သုတေသနပြုလုပ်ချက်အရ ၁၉နှစ်အောက်လူငယ်အယောက် တစ်သိန်းမှာ ၅ယောက်နှုန်းဟာ လေဖြတ်ဝေဒနာကို ခံစားနေကြပါတယ်။ အသက် ၄၅ နှစ်အောက်တွေကတော့ လူအယောက်တစ်သိန်းမှာ ၁၅ ယောက်နှုန်းလေဖြတ်ဝေဒနာကို ခံစားရပါတယ်။


လန်ဒန်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် Natalie Kunicki ဆိုတဲ့ အမျိုးသမီးဟာ ကံဆိုးစွာနဲ့ပဲ ရုတ်တရက်လေဖြတ်သွားပါတယ်။ ဖြစ်ပုံကတော့ သူမဟာ အိပ်နေရင်းနဲ့ တီဗီကြည့်ပြီး လည်ပင်းကို အကြောဆန့်လိုက်တဲ့ အခါမှာ ဒေါက်ခနဲ လည်ဆစ်ကနေ အသံမြည်လာပါတယ်။ သူမကတော့ အမှုမဲ့အမှတ်မဲ့ပဲနေလိုက်ပေမယ့် ခဏအကြာမှာ ဘယ်ဖက်ခြေထောက်လှုပ်လို့မရတော့တာကို သိလိုက်ပါတယ်။

ဆေးရုံသွားလိုက်တဲ့အခါမှာတော့ သူမလေဖြတ်သွားတာဖြစ်တယ်လို့ ဆရာဝန်ကဆိုပါတယ်။ အကြောင်းကတော့ ရုတ်တရက် ခန္ဓာကိုယ်ပုံစံပြောင်းလိုက်တဲ့အခါ(အကြောဆန့်လိုက်တဲ့အခါမှာ) သွေးကြောတွေက ပုံစံပြောင်းသွားပြီး အာရုံကြောကို ဖျက်စီးလိုက်သလို ဖြစ်သွားတာပါ။ ဒီလို ရုတ်တရက် လှုပ်ရှားမှုဟာ ဦးနှောက်ကို ပျက်စီးစေပြီး သွေးနဲ့ အောက်စီဂျင် မရောက်အောင်ပိတ်လိုက်သလို ဖြစ်တာကြောင့် ရုတ်တရက်လေဖြတ်တာတွေ ဖြစ်သွားနိုင်ပါတယ်။


ဒါကြောင့် တီဗီကြည့်နေရင်း၊ ကွန်ပျူတာကြည့်နေရင်း၊ ဂိမ်းဆော့နေရင်းနဲ့ ရုတ်တရက် ဆတ်ခနဲ ခန္ဓာကိုယ်ပုံစံပြောင်းတာမျိုး၊ လည်ဆစ်ချျိုးတာမျိုး လုံးဝမလုပ်ဖို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*