မသေခင် တစ်ရက်အလိုမှာ အချစ်ဆုံးသူနဲ့ လက်ထပ်သွားခဲ့တဲ့ အမျိုးသားရဲ့ကြေကွဲဖွယ် မင်္ဂလာပွဲ (ရုပ်သံ)
မသေခင် တစ်ရက်အလိုမှာ အချစ်ရဆုံးကို လက်ထပ်သွားခဲ့တဲ့ အမျိုးသားရဲ. ကြေကွဲဖွယ် မင်္ဂလာပွဲ (ရုပ်သံ)
လောကကြီးမှာ ကိုယ်တကယ်ချစ်ရသူနဲ့ အတူနေသွားရဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး ။ အချို.ဆို ကိုယ်တကယ်ချစ်ရသူက ဘယ်သူလဲဆိုတာတောင် မသိရပဲ လောကကြီးကနေ ထွက်ခွာသွားရတာပါ။ ဒီဇာတ်လမ်းလေးကတော့ ကိုယ်ချစ်ရသူက ဘယ်သူလဲ သိပေမယ့် တစ်သက်လုံး အတူနေသွားခွင့် မရတဲ့ အမျိုးသားတစ်ယောက်ရဲ. ကြေကွဲဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
အသက် ၂၂ အရွယ် Navar Herbert ဟာ ထင်ရှားတဲ့ ရက်ဘီ အားကစားသမားတစ်ဦးပါ ။ သူက Maia Falwasser အမည်ရှိ အမျိုးသမီးလေးနဲ့ ချစ်ကြိုးသွယ်ပြီး ကလေးတစ်ယောက်တောင် ရနေခဲ့ပါပြီ ။ သူတို့မိသားစုလေးဟာ မင်္ဂလာမဆောင်ရသေးပေမယ့် တစ်သက်လုံး အတူတကွ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
ဒါပေမယ့် အမျိုးသားဟာ ဦးနှောက်ကင်ဆာ ဖြစ်နေခဲ့ပြီး ဆရာဝန်ကလည်း သူ့ရဲ့  ကင်ဆာဟာ ပြန့်နှံသွားပြီဖြစ်ကာ ပြန်ကောင်းလာဖို့ မရှိတော့ဘူးလို့ အသိပေးချိန်မှာ သူတို့အတွက် ကြေကွဲစရာ ဖြစ်လာရပါတယ်။ Navar က သူ့အနေနဲ့ မိသားစုနဲ့ တစ်သက်လုံး အတူနေမသွားနိုင်ရင်တောင် သူအချစ်ဆုံး မိန်းကလေးကို မင်္ဂလာဆောင်သွားချင်တာဟာ သူ့ရဲ. နောက်ဆုံး ဆန္ဒဖြစ်ခဲ့ပြီး ဒါကို အကောင်အထည်ဖော်ခဲ့တာပါ။
သူ့ရဲ. နောက်ဆုံး အချိန်မတိုင်ခင်လေးမှာ အလှပဆုံး မင်္ဂလာပွဲကို သူတို့ နှစ်ဦးဟာ မိတ်ဆွေ သူငယ်ချင်းတွေရဲ. အကူအညီနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ သူတို့ မင်္ဂလာပွဲ အခမ်းအနားရဲ. ဗီဒီယိုတိုလေးကတော့ ကြည့်ရသူတိုင်းကို မျက်ရည်ဝဲစေမှာ အမှန်ပါပဲ။
ZawGyi
Be the first to comment
Leave a Reply
Your email address will not be published.
*