တစ်လတစ်လ ဒေါ်လာသိန်းချီဝင်နေသော်လည်း အချစ်စစ်ရှာမတွေ့သေးတဲ့ သူဌေးလေး

သြစတြေးလျနိုင်ငံ Sydney အနောက်ပိုင်းသား Matthew Lepre ဟာ အသက် ၂၆ နှစ်တည်းနဲ့ လုပ်ငန်းရှင်လေးတစ်ဦးဖြစ်လို့နေပါပြီ။ Matthew ဟာ တစ်လတစ်လကို ဒေါ်လာ ၁၂ သိန်းလောက် ဝင်နေတဲ့အတွက် ဝင်ငွေကောင်းတဲ့ သူဌေးပေါက်စလို့ သတ်မှတ်လို့ရပါတယ်။


ငွေကြေးလည်းပြည့်စုံ၊ လုပ်ငန်းအမျှော်အမြင်လည်းရှိပေမယ့် Matthew အတွက် လိုအပ်နေတာကတော့ လက်တွဲဖော်စစ်စစ်ပါ။ သူ့အပေါ်အချစ်စစ်နဲ့ချစ်ပေးနိုင်မယ့် လက်တွဲဖော်မျိုးကို ရှာနေပေမယ့် အခုအချိန်မှာသူကြုံခဲ့ရမျှ ဒိတ်တိုင်းဟာ သူ့နုလုံးသားထက် ဘဏ်စာရင်းထဲက ကိန်းကဏန်းတွေကိုပဲ တွက်ချက်ပြီး ချည်းကပ်ခဲ့တာချည်းပဲလို့ ရင်ဖွင့်ခဲ့ပါတယ်။


Matthew ဟာ တစ်ဦးတည်းခွန်အားနဲ့ သူ့ကိုပြုစုစောင့်ရှောက် ကျွေးမွေးခဲ့တဲ့ မိခင်ကို ထောက်ပံ့ဖို့ တက္ကသိုလ်တစ်ဝက်တစ်ပျက်နဲ့ ထွက်ခဲ့ပြီး အလုပ်(၃)ခုလောက် လုပ်ခဲ့သူပါ။ သူ့ရဲ့လူငယ်ဘဝဟာ အလုပ်နဲ့ငွေကြားမှာ လုံးလည်လိုက်နေခဲ့တာမို့လို့ အချစ်ရေးကိစ္စအတွက် သိပ်အချိန်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အခုလို အခြေကျပြီး ငွေကြေးလည်း ပြည့်စုံတဲ့အချိန်ကျမှ ကြင်ယာရှာဖို့ အချျိန်ပေးနိုင်ခဲ့တာပါ။


အခုအချိန်မှာတာ့ Matthew ဟာ စီးပွားရေးနည်းပြအဖြစ် ဟောပြောပွဲတွေမှာ ဆက်တိုက်ဆိုသလို ဟောပြောဆွေးနွေးတဲ့ အလုပ်တွေနဲ့ သူတည်ထောင်ထားတဲ့ e-commerce sites တွေ၊ ပညာရေးနဲ့အလှအပနဲ့သက်ဆိုင်တဲ့ product တွေကို အွန်လိုင်းမှရောင်းပေးတာတွေနဲ့ digital advertising အထိ လုပ်ငန်းတွေကိုတိုးချဲ့ ကိုင်တွယ်လုပ်ကိုင်လျက်ရှိပါတယ်။


တစ်ဆင့်သိတဲ့ ကောင်မလေးတွေတော်တော်များများနဲ့ အတည်တွဲဖို့ အရင်ဆုံး ဒိတ်ကြည့်ခဲ့ပေမယ့်လည်း အကုန်လုံးနီးပါးက Matthew Lepre ရဲ့ ဘဏ်စာရင်းကြောင့်သာ ချစ်ဟန်ဆောင်ခဲ့ကြလို့ ဆိုပါတယ်။ ဒါတောင် သူတစ်လကို ဘယ်လောက် ရတယ်၊ ဘာတွေလုပ်တယ်ဆိုတာ မပြောခဲ့ပါဘူး။ သူလိုချင်တဲ့ ကောင်မလေးမျိုးဆိုတာ Matthew Lepre ဖြစ်နေလို့ကို ချစ်တာဆိုတဲ့ ကောင်မလေးမျိုးပါတဲ့။


ဟောပြောပွဲတွေအတွက် ခရီးလှည့်ပတ်သွားရတဲ့အတွက် ခရီးသွားတာကို ဝါသနာပါပြီး တောင်တက်တာ၊ စက်ဘီစီးတာ၊ ကနူးလှေလှော်တာ စတဲ့ စွန့်စားခရီးပုံစံတွေသွားရတာလည်း ကြိုက်နှစ်သက်သူဖြစ်လို့ သူ့ချစ်သူဟာလည်း သူနဲ့အတူတူ ဒီလုပ်ငန်းတွေကို လိုက်လုပ်နိုင်ရပါမယ်တဲ့။ Luxury ဆန်ဆန်ကားတွေကို သဘောကျတဲ့အတွက် ကားခေါင်းခန်းမှာ အတူတူထိုင်ပေးမယ့် ချစ်သူမဟေသီတစ်ယောက်ကို အလိုရှိတယ်လို့ဆိုပါတယ်။


သူ့ကိုအချစ်စစ်နဲ့ချစ်ပေးရပြီး သစ္စာရှိရမယ်၊ စဉ်းစားဆင်ခြင်ဉာဏ်ရှိပြီး ရိုးသားကြင်နာတတ်ရမယ်? သူချစ်တာကိုခံနိုင်ပြီး ရိုမန်းတစ်ဆန်သမျှကိုလည်း ခံစားတတ်ရမယ်လို့လည်း ဆိုပါတယ်။ ဒီလိုကောင်မလေးမျိုးတကယ်ခဲ့တဲ့အချိန်ကျ သူအလုပ်ချင်ဆုံး အလုပ်တစ်ခုကတာ့ ကမ်းခြေကို ရှန်ပိန်တစ်ပုလင်းယူပြီး နေ့လည်နေ့ခင်းသွားလည်၊ ရေကူးပျော်ပါးပြီး နေဝင်တာအတူတူကြည့်ပြီးမှ ပြန်ချင်တာပါတဲ့။

 

Be the first to comment

Leave a Reply

Your email address will not be published.


*