တစ်မြို့လုံးကို “လက်ခလယ်ထောင်ပြဖို့” ဒေါ်လာ (၄၀၀၀)အထိ သုံးစွဲခဲ့တဲ့အမျိုးသား

အမေရိကန်နိုင်ငံ၊ Westford, Vermont မှာနေထိုင်တဲ့ Ted Pelkey အမည်ရ အမျိုးသားတစ်ဦးဟာ မြို့နေလူထုကို မကျေနပ်တာကြောင့် လက်ခလယ်ထောင်ပြနေတဲ့ ရုပ်တုကြီး တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ သူ အဆင်မပြေတာက စည်ပင်အဖွဲ့နဲ့ပါ။

Ted ဟာ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဂိုထောင်တစ်ခုဆောက်နိုင်ဖို့ ဒေသခံမြူနီစီပယ်အဖွဲ့ကို စာတင်ထားခဲ့ပေမယ့်၊ မြူနီစီပယ်အဖွဲ့ကလည်း သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဟုဆိုကာ အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ ဒါကြောင့် Ted ဟာ အလွန် ဒေါသထွက်နေခဲ့တာပါ။

Ted ဟာ ဒေါ်လာ (၄၀၀၀)အထိ အသုံးပြုပြီး လက်ခလယ်ထောင်ပြနေတဲ့ ဧရာမ ရုပ်တုကြီးတစ်ခုကို တိုင်တစ်ခုပေါ်မှာ ကျကျနန တည်ဆောက်စေခဲ့ပါတယ်။ လက်ခလယ်ကတော့ Westford Selectboard အဖွဲ့နဲ့ Development Review Board အဖွဲ့က ခေါင်းဆောင်တွေကို ရည်ညွှန်းတယ်လို့ ပြောပါတယ်။

ဒီရုပ်တုကြီးကို မြို့ရဲ့ နေရာတော်တော်များများကနေ မြင်တွေ့နေရပြီး၊ ညဆိုရင် မီးတောင်ထွန်းထားပေးပါသေးတယ်။ ရုပ်တုကြီးကို ထင်းရှုးဘလော့တုန်းတွေနဲ့ ပုံဖော်ထားပြီး၊ (၁၆)ပေအမြင့် တိုင်ကြီးပေါ်မှာ အောင်မြင်စွာတင်နိုင်ခဲ့ပါတယ်။ ဒီရုပ်တုနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက ဘာမှမပြောသလို၊ Ted ကလည်း ဘယ်တော့မှ မဖျက်ပါဘူးတဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*